17
Tue, Jan
667 New Articles

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

 Let's go to China အစီအစဉ် အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အပါအဝင် ၁၅ ရက် ကြာသွားရောက်ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ mntv ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကလေး ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်ရှိ သဖန်းအိုင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စတုတ္ထမြောက်စာသင်ကျောင်းဆောင် ဖွင့်ပွဲ နှင့် ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကလေး ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) 

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်အား တတိယ အကြိမ်မြောက် အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ်ရှိ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ) နန်ကျင်းဆောင် ကျေးရွှာ၌ ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပ သည့် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနား ၌မိန့်ခွန်းပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု များနှင့် ပတ်သက်၍ အဘက်ဘက် အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် တိုက်တွန်းလိုကြောင်း ကို ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်၏ မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်သည့် အခမ်းအနားအား နေပြည်တော်၊ ဥတ္တရသီရိမြို့ နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးတွင် ယနေ့ နံနက် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ ကျောင်းသူ/သား များအား ပညာသင်ဆု အနေဖြင့် ငွေကျပ် သိန်းပေါင်း (၁၃၆၀)ကို ပေးအပ် လှူဒါန်း ခဲ့ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့  သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် - မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင် သစ်များကို မြန်မာနိုင်ငံ အနှံ့ အပြားရှိ ရေမြုပ် ဒေသများတွင် ဆောက်လုပ် ဖွင့်လှစ်လျက်ရှိရာ ဒုတိမြောက် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲကို မကွေးတိုင်း မင်းဘူး ခရိုင် ပွင့်ဖြူ မြို့ နယ် ရွာခိုင်ကျေးရွာတွင် နိုဝင်ဘာလ ၃ ရက် နေ့လယ်ပိုင်း၌ ကျင်းပခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန် မြို့ရှိ သဘာဝ သမိုင်းပြတိုက်ခန်းမ ၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး အခမ်းအနား သို့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် ဌာန ဆိုင်ရာ အကြီးအကဲ များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တောင်ကြီး ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) ကရှမ်းပြည်နယ် ရှိ ကျေးရွာများ၌ အကောင်အထည်ဖော်မည့် “One Village One TV” စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများကို အောက်တိုဘာလ၂၀ ရက် နေ့လည် ၁၁ နာရီ အချိန်တွင် တောင်ကြီးမြို့ရှိ အစိုးရရုံးတွင် ကျင်းပခဲ့သည်။

ပဲခူး ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပထမဆုံး“တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ မဟာပညာဗိမ္မာန် ပရဟိတ သင်တန်းကျောင်း၌ ယနေ့ အောက်တိုဘာလ ၂၀ ရက်တွင် တရားဝင် စတင် ဖွင့်လှစ်ခဲ့သည်။

Page 1 of 2