Huawei ၏ နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်ထားသော စမတ်ဖုန်းများအား မြန်မာ နိုင်ငံ တွင် မိတ်ဆက်

Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက် ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ) Social

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

Huawei ၏ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက်ပေးသည့် အခမ်းအနား အား အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က Huawei ကုမ္ပဏီ တစ်နေ့တစ်ခြား အောင်မြင်မှုများ ပိုမို ရရှိနိုင်ခဲ့ခြင်း မှာ ကုမ္ပဏီ အနေဖြင့် သုံးစွဲသူများ၏ ဝေဖန်သုံးသပ်ချက်များအား အစဉ်အမြဲ အလေးထား ထိန်းသိမ်း ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ Huawei စမတ်ဖုန်းများတွင် အသုံးပြုထားသည့် AI Camera နည်းပညာ မှာ ကမ္ဘာပေါ်ရှိ စမတ်ဖုန်းများအတွင်း စွမ်းဆောင်ရည် အမြင့်မားဆုံးသော AI နည်းပညာ ဖြစ်သောကြောင့် သုံးစွဲသူ များအနေဖြင့် လွယ်ကူစွာဖြင့် အလွန်ကောင်းမွန်သည့် ဓာတ်ပုံများ ရိုက်ကူး နိုင်မည် ဖြစ်ပြီး အခြား အဆင့်မြင့် စီမံခန့်ခွဲမှု နှင့် တွက်ချက်မှုများကိုလည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ၊ Huawei ကုမ္ပဏီ အနေဖြင့် နည်းပညာ အသစ်အဆန်းများ အဆက်မပြတ် ဖော်ဆောင် နိုင်ခဲ့ခြင်း မှာ ကဏ္ဍ အသီးသီး ရှိ လုပ်ငန်းများ နှင့် တံခါးဖွင့် ၍ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရရှိလာခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သည် Huawei ကုမ္ပဏီ ၏ အလွန်အရေးပါသည့် ဈေးကွက်တစ်ခု ဖြစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက် အား အလေးထားစောင့်ကြည့်ခြင်းဖြင့် Huawei ထုတ်ကုန်များအား မြန်မာ နိုင်ငံ ပြည်သူလူထု တို့ ပိုမို သုံးစွဲလာကြမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက် ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

Huawei Mate 20 နှင့် Mate 20 Pro စမတ်ဖုန်း တို့က ၆.၅ လက်မ နှင့် ၆.၃၉ လက်မ အရွယ်အစား ရှိကြပြီး light-emitting diode (OLED) full view မျက်နှာပြင် အသီးသီး ပါရှိကြောင်း ၊ စမတ်ဖုန်းများ ၏ အနောက် ကင်မရာ တွင် Leica မှန်ဘီလူး ကင်မရာ သုံးခုစီ ပါရှိပြီး အချိန်ကြာမြင့်စွာ သုံးစွဲနိုင်မည့် ဘက်ထရီ နှင့် အတူ Fast Charging နှင့် Super Charging စနစ်တို့ ပါဝင်ကြောင်း ၊ ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးနိုင်ရန် အတွက် Leica Ultra-Wide Angle Lens များ ထည့်သွင်းထားပြီး အနီးကပ် ရိုက်ကူးမှု အတွက် Micro Distance စွမ်းဆောင်ရည် ကိုလည်း ပံ့ပိုးပေးထားကြောင်း ၊ မြန်ဆန်သည့် လုပ်ဆောင်မှု အား ထောက်ပံ့ပေးရန် အတွက် Kirin 980 နှင့် နောက်ဆုံးပေါ် graphic engine ဖြစ်သည့် Mali-G76 GPU တို့ပါဝင်ကြောင်း သိရှိရသည်။

Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက် ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

uawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက် ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

Huawei Mate 20 Series စမတ်ဖုန်းများ မိတ်ဆက် ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင Huawei Mate 20 ကို Midnight Blue နှင့် Twilight အရောင် တို့အား ရောင်းချပေးသွားမည် ဖြစ်ပြီး Huawei Mate 20 Pro ကို Emerald Green နှင့် Black အရောင် တို့အား ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ ဈေးနှုန်းအနေဖြင့် Huawei Mate 20 အား ၁,၀၉၉,၀၀၀ ကျပ် နှင့် Huawei Mate 20 Pro အား ၁,၄၉၉,၀၀၀ ကျပ် ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ Huawei Mate 20 နှင့် Mate 20 Pro စမတ်ဖုန်းများအား ဝယ်ယူလိုသူများ အနေဖြင့် နိုဝင်ဘာ ၁ ရက် မှ ၉ ရက် အထိ Huawei အရောင်းဆိုင်များတွင် Pre-Order စနစ်ဖြင့် မှာယူသွားရမည် ဖြစ်ပြီး ယင်းကာလ အတွင်း မှာယူသူများအား လက်ဆောင်ပစ္စည်းများ နှင့် ပရိုမိုးရှင်း အခွင့်အရေး များ ကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)