ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံပြကျေးရွာမှ ကျေးရွာသူကျေးရွာသားများ တရုတ် ယဉ်ကျေးမှုစင်တာသို့  လာရောက်လေ့လာ

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာမှ ကျေးရွာသူကျေးရွာသားများ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာများဖြစ်သော နေပြည်တော်  တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ နှင့် လယ်ဝေးမြို့နယ်  မင်းပြင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများသည် ယနေ့(ဧပြီ ၂၉ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်လေ့လာလည်ပတ်ကြသည်။ 

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြစီမံကိန်း၏ တရုတ်ပညာရှင် ရွှီဝင်းလိ၊  မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်အပါအ၀င် ကျေးရွာသူကျေးရွာသား ၄၀ ကျော်သည် တရုတ်ယဉ်ကျေးမှုစင်တာတွင် မှတ်တမ်းဗီဒီယိုများ၊ ဗီဒီယိုရုပ်ရှင်ကားများနှင့် “ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲကို စိတ်ဝင်တစား ပျော်ရွှင်စွာ လေ့လာကြည့်ရှုခဲ့ကြသည်။ 

 တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာမှ ကျေးရွာသူကျေးရွာသားများ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ) 

 တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာမှ ကျေးရွာသူကျေးရွာသားများ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ) 

တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာမှ  ဦးဟန်ရွှေက “တရုတ်ယဉ်ကျေးမှုစင်တာကို ပထမဆုံးလာရောက်လေ့လာတာပါ။ ဒီလိုလေ့လာကြည့်တော့ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကိုတွေကို အားကျအတုယူဖွယ်တွေ့ရတယ်။  ပိုးလမ်းမစီမံကိန်းတွေက အခြားနိုင်ငံမှာ တိုးတက်မှုတွေရှိတာကိုတွေ့ရတော့ ကျွန်တော်တို့နိုင်ငံအတွက်လည်းအထောက်အကူပြုမယ်လို့ ယုံကြည်မိပါတယ်”ဟု ဆိုသည်။ 

လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာမှ ဦးမြတ်ကျော်သူကလည်း  “ဒီကို လာရောက်လေ့လာတော့ တရုတ်နိုင်ငံက ခရီသွားလုပ်ငန်းမြှင့်တင်တာတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကနေ စီးပွားရေးအဆင့်မြင့်အောင်လုပ်ဆောင်နေတာကိုတွေ့ရတယ်။ ဒါတွေကို အတုယူပြီး ကျွန်တော်တို့ကျေးရွာမှာလည်း လုပ်ဆောင်သွားချင်တယ်”ဟု ဆိုသည်။ 

အဆိုပါအဖွဲ့သည် ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာနှင့် ၀ဲကြီိးကျေးရွာသို့ သွားရောက်၍ အမှိုက်ကင်းစင်ရေးဆောင်ရွက်မှု များကို လေ့လာကြမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)