19
Thu, Sep
520 New Articles

တရုတ်-မြန်မာ ခရီးသွားကဏ္ဍနှင့်ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးမိတ်ဆက်ပွဲ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပ

တရုတ်-မြန်မာ ခရီးသွားကဏ္ဍနှင့်ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးမိတ်ဆက်ပွဲ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပနေစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ခရီးသွား၊ယဉ်ကျေးမှု ဆွေးနွေးမိတ်ဆက်ပွဲကို ယနေ့ (ဇွန် ၃ ရက်) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍ ကျွမ်းကျင်ပညာရှင်များ ၊ ခရီသွားလုပ်ငန်းအေဂျင်စီများ ၊ ခရီးသွားလုပ်ငန်း ဌာနများမှ ကိုယ်စားလှယ် များ၊ဧည့်လမ်းညွှန်များအပါအ၀င် လူ ၁၀၀ ခန့် ပါဝင်တက်ရောက် ဆွေးနွေးမိတ်ဆက်ပြောကြားခဲ့ ကြသည်။ 

“ယဉ်ကျေးမှုဖြင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးစေ၊ ခရီးသွားလုပ်ငန်းဖြင့် ယဉ်ကျေးမှုကို ထင်ပေါ်စေ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ ဆွေးနွေးမိတ်ဆက်ပွဲတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် သုတေသနဌာနမှ မစ္စ ကျိုးယီ(Zhou Yi)က ပုဂံ သဗ္ဗေညုစေတီကြီး ပြုပြင်မွမ်းမံခြင်းအကြောင်းအားလည်းကောင်း၊ မြန်မာ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်မှ  မြန်မာ-တရုတ်နှစ်နိုင်ငံ ခရီးသွားကဏ္ဍတွင် ဆောင်ရွက်နေသည့် အခြေအနေများအားလည်းကောင်း ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆရာအတတ်သင်တက္ကသိုလ် ခရီးသွားနှင့်ဘူမိသိပံ္ပ အင်စတီကျုမှ  တွဲဖက်ပါမောက္ခ လီချင်းလိန်(Li Qinglei)မှ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍ ချိတ်ဆက်ပေါင်းစည်းခြင်းအားလည်းကောင်း ၊ မေခဆောင်ဖောင်ဒေးရှင်း နာယက ဦးဇော်သန်းနှင့် မြန်မာ-တရုတ် ခရီးသွား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးကျော်ဝင်းတို့မှ နှစ်နိုင်ငံ ကဏ္ဍစုံ ဆက်ဆံရေး သမိုင်းကြောင်းနှင့် ခရီးသွားနေရာသစ် ဖော်ထုတ်ရန် အကြံပြုချက်များအား လည်းပြောကြားခဲ့ကြသည်။ 

တရုတ်-မြန်မာ ခရီးသွားကဏ္ဍနှင့်ယဉ်ကျေးမှု ဆိုင်ရာ ဆွေးနွေးမိတ်ဆက်ပွဲ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပနေစဉ်(ဆင်ဟွာ) 

ထို့အပြင် တရုတ်-မြန်မာ ခရီးသွား အေဂျင်စီများ၊ ခရီးသွားလုပ်ငန်းဌာနများက ထူးခြားကြွယ်ဝလှသော ခရီးသွားအရင်းအမြစ်များ သက်သာကောင်းမွန်သည့် အကျိုးခံစားခွင့်များကို  ရှင်းလင်းပြသမိတ်ဆက် ပြောကြားခဲ့ကြသည်။ယခုကျင်းပသည့် ဆွေးနွေးမိတ်ဆက်ပွဲသည်  ၂၀၁၉ ခုနှစ် တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် အစီအစဉ်များတွင် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။(Xinhua)