15
Sun, Dec
502 New Articles

Open Air တရုတ်ရုပ်ရှင်ပွဲတော်ကို တောင်သာမြို့တွင် ဆက်လက်ပြသ

တောင်သာမြို့တွင် open air တရုတ်ရုပ်ရှင်ပွဲတော် သို့ လာရောက်ကြည့်ရှု့ကြသော ဒေသခံများအားတွေ့ရစဉ်။ Social

တောင်သာ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

Open Air တရုတ်ရုပ်ရှင်ပွဲတော်မှာ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများအနေဖြင့် တရုတ်ရုပ်ရှင်ယဉ်ကျေးမှုကို ပိုမို၍ သိရှိလာနိုင်ရန်ရည်ရွယ်ကာ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလည်ပတ်စေရေးကို ကိုင်တွယ်ဆောင်ရွက်သည့် SEAGP/SEAOP ကုမ္ပဏီတို့၏ တရုတ်နိုင်ငံ အစုရှယ်ယာရှင်ဖြစ်သည့် CNPC ကုမ္ပဏီမှ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများတွင် တရုတ်ရုပ်ရှင်ဇာတ်ကားများ လိုက်လံပြသသည့် Open Air တရုတ်ရုပ်ရှင်ပွဲတော်ကို  ကျင်းပလျှက်ရှိရာ တောင်သာမြို့တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ရက်အထိ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ 

Open Air တရုတ်ရုပ်ရှင်ပွဲတော်ကို တောင်သာမြို့ပြီးနောက် ကျောက်ဆည်နှင့် သီပေါတို့တွင် ဆက်လက်ပြသမည်ဖြစ်သည်။ (Xinhua)