09
Mon, Dec
489 New Articles

လားရှိုး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လားရှိုးမြို့နယ် နမ့်စမ် ကျေးရွာရှိ အမှတ်(၂၂)တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ ထောက်ပံ့ပစ္စည်းများ သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်၊နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူအများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပရာ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်၊

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဖူကျန့်ကုန်သည်ကြီးများအသင်း၏အသင်းကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၆ရက်က မကွေးတိုင်းဒေသကြီးသို့ သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိစာသင်ကျောင်း ၃၀ အတွက် ငွေကျပ် သိန်း ၃၀၀ကျော် တန်ဖိုးရှိသော ထောက်ပံ့ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

“ ကျွန်ုပ် သည် ကြယ်တစ်ပွင့် ဖြစ်သည် ” ဟူသော ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆို ပြိုင်ပွဲ ၏ ဆယ်ကျော်သက် အုပ်စု နှင့် လူငယ် အုပ်စု နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ပြိုင်ပွဲဝင် အသီးသီး တို့ အနက် ဆုရရှိသူများ အား အမှတ်ပေး ဆုံးဖြတ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား ကို တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ရှားမန့်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် တရုတ်ရွှေကြက်-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံရကြောင်း သိရသည်။

ကျောက်ဖြူ ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် CITIC Consortium တို့ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စာသင်ကျောင်း ၌ ကျင်းပပြုလုပ် ခဲ့ပြီး သင်တန်းသား/သူ အသီးသီး အား သင်တန်းဆင်း လက်မှတ်များ ပေးအပ် ခဲ့သည်။

ကျောက်ဖြူ ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

CITIC Consortium ကုမ္ပဏီ အနေဖြင့် နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း အချိန် မှ စတင်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နှင့် အနီး ကျွန်း ရှိ စာသင်ကျောင်းများ အသီးသီး သို့ သွားရောက် ခဲ့ပြီး ဒုတိယ အကြိမ်မြောက် အဖြင့် ကျောင်းသား/သူ များ အတွက် ကျောင်းသုံး ပစ္စည်း ကိရိယာများ ပါဝင်သည့် မေတ္တာအိတ်နှင့် အဝတ်အထည် များ အား သွားရောက် ပေးအပ် ခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

“ရောင်စုံလှပသော တရုတ် တိုင်းရင်းသား ယဉ်ကျေးမှု များ ၏ မဲခေါင်မြစ်ဝှမ်းဒေသ မြန်မာနိုင်ငံ ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနား အား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် တိုင်းရင်းသား ရိုးရာ အဆိုအက များဖြင့်လည်း ဖျော်ဖြေတင်ဆက်ပေး ခဲ့သည်။

ရန်ကုန်၊နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အရည်အချင်းပြည့်မီ အင်ဂျင်နီယာပညာရှင်များ တရုတ်-မြန်မာ နှစ်ဘက် အပြန်အလှန်အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၄ ရက်) ညနေပိုင်းက ရန်ကုန်မြို့ အင်ဂျင်နီယာ ကောင်စီရုံး Function Hallခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်လေကြောင်းလိုင်းတစ်ခု ဖြစ်သော Ruili လေကြောင်းလိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်ရှိ တက်ဟုန်သို့ လေကြောင်း ခရီးစဉ်အား ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် စတင် ပျံသန်း ပြေးဆွဲ ခဲ့ကြောင်း သိရသည်။လေကြောင်းလိုင်း ပြေးဆွဲမှုအပေါ် Ruili Airlines Co.,Ltd ၏ Maintenance ဌာနမှ ဒုတိယ ဉက္ကဋ္ဌ ဖြစ်သူ Mr.Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် ကုန်သွယ်စီးပွားအပါအ၀င် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများပြားလာသည့် အလျောက် လိုအပ်ချက်များအရ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ ယခုဖွင့်လှစ်သည့် လေကြောင်းလိုင်းက နှစ်နိုင်ငံ ဖလှယ်ရေး ကဏ္ဍများတွင် အများကြီးအထောက်အပံ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။