13
Fri, Dec
500 New Articles

ရန်ကုန် ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ "တရုတ် စာပေ ပေါင်းကူးတံတား" နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် ၊တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ တရုတ်စာပေ သင်တန်းကျောင်း မှ ကိုယ်စားလှယ်များ ၊ အကဲခတ် အမှတ်ပေးဒိုင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားအား ယနေ့မေ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျင်းပသည့် ကြက်ခြေနီရန်ပုံငွေဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်တိုက်ပွဲရှောင်ပြည်သူများနှင့် လူမှုကရုဏာလုပ်ငန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအား အလှူတော်ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ထပ်ဆင့်မြှင့်တင် နိုင်ရန် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က "တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ် ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း" ကို ဖော်ဆောင် ခဲ့ပြီး တရုတ်-မြန်မာချစ်ကြည်ရေးနှင့် စပ်လျဉ်းသည့် မြန်မာဘာသာ ဆောင်းပါး သို့မဟုတ် ဘာသာပြန်ဆောင်းပါးများကို တင်ဒါခေါ်ယူ၍ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources Engineering Company Limited(UREC) တို့ပူးပေါင်း တည်ဆောက်သည့် သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မတ် ၁၇ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲအား တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်း ပါဝင်၍ ယနေ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် "တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်" ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်း အချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာန (IPRCC:_ International Poverty Reduction Center China) တို့ ပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း စတင်ခြင်း အခမ်း အနား ကို နေပြည်တော်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်၌ ယနေ့ကျင်းပခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ မှ မြန်မာ နိုင်ငံ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ သို့ ဈေးကွက် တန်းဖိုး ကျပ်သိန်းပေါင်း ၂,၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း သည့် အခမ်းအနား ကို ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအား ရည်ရွယ်၍ မြန်မာနိုင်ငံ အတွင်းရှိ ပညာရည် ထူးချွန်ပြီး ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများအား ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပဉ္စမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Sports Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။