ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် လွယ်အိတ် ၊ စာရေး ကိရိယာ နှင့် ကျောင်းသုံး ပစ္စည်း မျိုးစုံ ပါဝင်သည့် Panda Pack ပေးအပ် လှူဒါန်းပွဲ အခမ်းအနား အား သြဂုတ်လ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Chatrium ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန သို့ Panda Pack အလုံးရေ တစ်သိန်း အား လွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့သည်။