12
Tue, Nov
469 New Articles

ရန်ကုန် ၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ICT နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးတည်၍ Huawei ကုမ္ပဏီ အနေဖြင့် နှစ်စဉ် ဆောင်ရွက် နေသည့် အစီးအစဉ် များ အနက် တစ်ခု ဖြစ်သော Seeds For the Future အစီအစဉ် ဖြင့် မြန်မာနိုင်ငံတစ်ဝန်း ရှိ ကွန်ပျူတာ နှင့် နည်းပညာ တက္ကသိုလ်များ မှ ထူးချွန် ကျောင်းသား/သူ များ ကို တရုတ် နိုင်ငံ သို့ သွားရောက် လေ့လာရန် ယနေ့တွင် တတိယ အကြိမ်မြောက် ထပ်မံ ရွေးချယ် ကြေညာ ပေးခဲ့သည်။

ရန်ကုန် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း ၏ တရုတ်ပညာရှင် အဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် စံပြကျေးရွာ ရွာသူ/ရွာသား များ က စီမံကိန်း အား ဒေသတွင်း အခြေအနေ နှင့် ကိုက်ညီသည့် အဆင့်မြင့်တင်မှု ဆောင်ရွက်နိုင်စေရန် အတွက် ဧပြီလ ၃၀ ရက် နံနက်ပိုင်း အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ နှင့် ဝဲကြီးကျေးရွာသို့ သွားရောက်၍ လေ့လာ ခဲ့ကြသည်။

ရန်ကုန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာများဖြစ်သော နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ နှင့် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများသည် ယနေ့(ဧပြီ ၂၉ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်လေ့လာလည်ပတ်ကြသည်။

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇ဝ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်အား ပေကျင်းမြို့၌ ကျင်းပခြင်းကို ဂုဏ်ပြု ကြိုဆို သောအားဖြင့် " ကျွန်ုပ်တို့၏ပိုးလမ်းမ " ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို ့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း ရိုက်ကူးမည့် ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို ့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(ဧပြီ ၂၃ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော် MICC II တွင် ယနေ့ ညနေပိုင်း ကျင်းပခဲ့ရာ ဒေသတွင်း ခြောက်နိုင်ငံမှ လူငယ် အနုပညာရှင် များ၏ ပန်းချီများ၊ ဓာတ်ပုံများကိုပါ ထည့်သွင်းပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန်၊ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့မှ သံရုံး အကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

“ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား ဧပြီလ (သြင်္ကန် ပွဲတော်) ကာလ အတွင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ် ၊ တက်ဟုန်း ပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပ သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ရုပ်သံများ ပေးပို့ရန် ဖိတ်ခေါ်လျက် ရှိကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းများတွင် အသုံးပြုရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံအစိုးရထံ မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ တိုက်ကြီး မြို့နယ် ၊ သနပ်ချောင်း အုပ်စု ရှိ YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တွဲဘက်) သို့ သွားရောက် ခဲ့ပြီး ကလေးငယ်များ အား အနုပညာဖျော်ဖြေတင်ဆက်မှု နှင့် လှူဒါန်းမှုများ ပြုလုပ်ပေး ခဲ့သည်။