13
Fri, Dec
500 New Articles

ရန်ကုန်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(ဧပြီ ၂၃ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော် MICC II တွင် ယနေ့ ညနေပိုင်း ကျင်းပခဲ့ရာ ဒေသတွင်း ခြောက်နိုင်ငံမှ လူငယ် အနုပညာရှင် များ၏ ပန်းချီများ၊ ဓာတ်ပုံများကိုပါ ထည့်သွင်းပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန်၊ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့မှ သံရုံး အကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

“ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား ဧပြီလ (သြင်္ကန် ပွဲတော်) ကာလ အတွင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ် ၊ တက်ဟုန်း ပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပ သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ရုပ်သံများ ပေးပို့ရန် ဖိတ်ခေါ်လျက် ရှိကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းများတွင် အသုံးပြုရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံအစိုးရထံ မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ တိုက်ကြီး မြို့နယ် ၊ သနပ်ချောင်း အုပ်စု ရှိ YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တွဲဘက်) သို့ သွားရောက် ခဲ့ပြီး ကလေးငယ်များ အား အနုပညာဖျော်ဖြေတင်ဆက်မှု နှင့် လှူဒါန်းမှုများ ပြုလုပ်ပေး ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” အား ဇန်နဝါရီ ၃၀ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ငွေကျပ် သိန်း ၁၀၀ အား ထည့်ဝင် လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Ms.Wang Xuehong)က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်က အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

တိုင်းရင်းသား ပွဲတော် ဖြစ်သည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် နောက်ဆုံးနေ့တွင် ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် ကျင်းပရာတွင် လှူဒါန်းမှုများအပေါ်အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က အသင်းအကြောင်း မိတ်ဆက် ပြောကြားစဉ်(ဆင်ဟွာ)

ထိုဂုဏ်ပြုမှတ်တမ်းလွှာများ ကိုမစ္စ ဝမ်ရွှဲဟုန် သို့ ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပေးအပ်ခဲ့သည်။ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ရင်ခွင်မဲ့ ကလေးများ အတွက် လှူဒါန်းပေးခြင်း ၊ ရင်းနှီးမြှုပ်နှံပေးခြင်းသည် အလွန် အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ၊ ယနေ့အလှူရှင်များ၏ လှူဒါန်းမှု တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုသည် ကလေးငယ်များ၏ အနာဂတ် တစ်ဘဝလုံး အတွက် သာမက ကြီးပြင်း လာပြီ ဖြစ်သည့် ကလေးငယ်များ၏ အနာဂတ် နိုင်ငံတော် အတွက် အလွန်ကို အကျိုးများစေမည် ဖြစ်ကြောင်း ဂုဏ်ပြုပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်)အား ဆောက်လုပ်ရန် မြေနေရာ ရရှိထားပြီး ကလေး ၁၀၀ ခန့်ဆန့်သော သုံးထပ် အဆောက်အဦ ကို ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပြီး နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်း ထားကြောင်း ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက ပြောကြားခဲ့သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

အလှူရှင် ဂုဏ်ပြုပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း နှင့် တာဝန်ရှိသူများ အပါအဝင် အလှူရှင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော်တွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း နှင့် လေလံတင် ရောင်းချမှု အစီအစဉ်များ အပါအဝင် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများလည်း ထည့်သွင်း ကျင်းပခဲ့သည်။(Xinhua)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေးတိုးပွားစေရန်ရည်ရွယ်ကျင်းပသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် အားလုံးအတူစုံ ပြုံးပျော်ရွှင် နွေဦးနှစ်သစ်မင်္ဂလာ ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)၊ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ဦးနု၊ဒေါ်မြရီဖော်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့ ပါဝင်တက်ရောက် ခဲ့ကြသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ပညာရေး ထူးချွန် ထက်မြက်ပြီး ဆက်လက် ပညာ သင်ကြားရန် အခက်အခဲ ရှိသော ဆင်းရဲ နွမ်းပါးသည့် ကျောင်းသား/သူများအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ ဆဋ္ဌမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ဇန်နဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ ပြပွဲ နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် အား ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပြီး ပြည်သူလူထု တို့မှ စိတ်ပါဝင်စားစွာ ပါဝင် ဆင်နွှဲ ခဲ့ကြသည်။