09
Mon, Dec
489 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ ပြပွဲ နှင့် ပြပွဲ သွားရောက်သည့် ပြည်သူလူထု များ ကိုယ်တိုင်ပါဝင် ဆင်နွှဲ နိုင်သော တရုတ် ယဉ်ကျေးမှု ရက် သတ္တပတ် ကို ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

ပုဂံ ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပုဂံ ရွှေစည်းခုံ စေတီတော်ရှိ ချူအင်လိုင်း တန်ဆောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် တရုတ် နိုင်ငံ ပညာရှင်များ သည်ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက သာကေတ မြို့နယ် ရှု့ခင်းသာလမ်း ရှိ တံတားအထူးအဖွဲ့(၁၁)ရုံး သို့ သွားရောက် ခဲ့ပြီး တည်ဆောက်ရေး တွင်ပါဝင်ခဲ့ကြသည့် မြန်မာ နိုင်ငံ ပညာရှင်များ နှင့် ခင်မင်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံကာ တံတား တည်ဆောက်စဉ် ကြုံတွေ့ခဲ့ရသည့် အမှတ်တရ များအား ပြန်လည် ပြောဆို ဆွေးနွေး ခဲ့ကြသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဒီဂျစ်တယ်လ် အပြည့်အ၀ ဆက်သွယ်မှု တည်ဆောက်ရန် ရည်ရွယ်ချက် နှင့် အညီ နိုင်ငံ့ ICT ကဏ္ဍ စွမ်းရည် လိုအပ်မှုများ ကြီးထွားလာမှု ဖြည့်ဆည်းရေး ကြိုးပမ်းမှုများအား ကူညီရန် ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် လက်အောက်ရှိ ပါမောက္ခချုပ်များ ကော်မတီတို့သည် နားလည်မှု စာချွန်လွှာတစ်ရပ်အား ယနေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

နတ်မောက်၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးရှိ နတ်မောက်မြို့ မြို့နယ် ဆေးရုံအား ပြုပြင် မွမ်းမံခြင်းနှင့် အရေးပေါ် လူနာဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံဝင်းအတွင်း ကျင်းပခဲ့ရာ အလှူရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး ကိုယ်စားတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် ဇနီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ အဆိုပါ ဆေးရုံအား တာဝန်ယူ ပြုပြင် တည်ဆောက်မည့် မြန်မာ - တရုတ် ပူးပေါင်း ကူညီ ဆက်ဆံရေး ဗဟို အသင်းမှ ဦးသစ္စာနှင့် အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပြီး ပန္နက်တင် လုပ်ငန်းများကို ရှေးရိုးရာ ဓလေ့ ထုံးတမ်း များနှင့် အညီ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်မြို့ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က လှိုင်မြို့နယ်ရှိ လောကနတ်အိမ်ရာတွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန က တာဝန်ယူ ရိုက်ကူးထားသည့် “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”--- ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်လမ်း အား ဒီဇင်ဘာ ၁၃ ရက် နေ့ မှ စတင်၍ ဆင်ဟွာ သတင်းဌာန Facebook Page ၊ Website ၊ Twitter ၊ Youtube နှင့် အခြားသက်ဆိုင်ရာ အင်တာနက် စာမျက်နာများတွင် စတင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သန်လျက်မှော် တောင်ရပ်ကွက်၊ ကန်တော်ကြီး အနောက်ဘက် ပတ်လမ်းရှိ ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့မှ One Belt One Road အလင်းရောင်ခရီးစဉ် မျက်စိပါရဂူ အဖွဲ့နှင့် ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး မျက်စိကုသရေး ပါရဂူ အဖွဲ့တို့ ပူးပေါင်းပြီး အတွင်းတိမ် မျက်စိ ဝေဒနာရှင် ရဟန်း ရှင် လူ ၂၀၀ ဦးတို့အား နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် အခမဲ့ကုသပေးသည့် အခမ်းအနားကို ယနေ့နံနက် ကျင်းပခဲ့ကြသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ ကောင်းယုံမြို့ ထုတ်လုပ်မှု စွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲ အခမ်းအနား အား နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ် (၅) ခု အား လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်ပိုင်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် ကျင်းပခဲ့သည်။