18
Sun, Aug
565 New Articles

ကျိုချွမ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့အခြေစိုက် ပုဂ္ဂလိကဒုံးပျံထုတ်လုပ်သူ i-Space က ထုတ်လုပ်လိုက်သော SQX-1 Y1 သည် အဆင့်လေးဆင့်ရှိ စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံငယ်တစ်ခုဖြစ်သည်။
အဆိုပါ ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ၏ ကိုယ်ထည်မှာ အကျယ်ဆုံးအချင်း ၁.၄ မီတာ၊ အရှည် ၂၀.၈ မီတာနှင့် မြေပြင်မှ ပျံသန်းထွက်ခွာအလေးချိန် ၃၁ တန်ရှိကြောင်း သိရသည်။ (Xinhua)

အိုဆာကာ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၊ပြင်သစ်နိုင်ငံနှင့် ကုလသမဂ္ဂတို့ပူးပေါင်းကာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်း ဂျပန်နိုင်ငံအိုဆာကာမြို့တွင်ကျင်းပလျက်ရှိသည့် G20 ထိပ်သီးအစည်းအဝေးများအပြီး၌ကျင်းပခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်​​ဖော်​​ကြေညာခဲ့သည်။(Xinhua)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဧပြီလအတွင်း ဥရောပသို့ ခရီးသွားရန်ရှိကြောင်းနှင့် တရုတ်-ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကိုရီးယားကျွန်းဆွယ်အရေးကိစ္စအား နောက်ဆုံး၌ အပြီးသတ်ဖြေရှင်းနိုင်ရန် အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဆွေးနွေးမှုစကားဝိုင်းများကို ဆက်လက်လုပ်ဆောင်သွားရန် မတ် ၁၅ ရက် က တိုက်တွန်းပြောကြားခဲ့သည်။လီက တရုတ်နိုင်ငံသည် နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက စီးပွားရေးဖိအား အကျဘက်ဦးတည်နေမှုအား အရေးပါသည့် တန်ပြန်အစီအမံအဖြစ် ယခုနှစ်တွင် အခွန်၊ အခများကို ပိုမိုများပြားသည့် ပမာဏလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် (၁၅) ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအား မတ်လ ၁၅ ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

 

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ် အမျိုးသားဥပဒေပြုလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား မတ်လ ၁၅ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲ၌ အတည်ပြုလိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ပို၍ ကျယ်ပြန့်သော ပြခန်းဧရိယာနှင့် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုတက်ရောက်ကြမည် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။