16
Tue, Jul
542 New Articles

တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး စတင်ကျင်းပ

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress= NPC) ၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးသို့ အလုပ်အစီရင်ခံစာ တင်သွင်းနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress= NPC) ၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်နယ်မှ အခြားခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး NPC ကိုယ်စားလှယ် ၃၀၀၀ နီးပါးတက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ် လီခဲ့ချန်က နိုင်ငံတော် ကောင်စီ၏ကိုယ်စား အစိုးရအလုပ်အစီရင်ခံစာအား NPC သို့ တင်သွင်းခဲ့သည်။ (Xinhua)