18
Sun, Aug
565 New Articles

တရုတ်နိုင်ငံ ၏ ရောင်းသူမဲ့ စတိုးဆိုင်

ဟန်ကျိုး၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးမြို့တွင် ဒီဇင်ဘာ ၂၂ရက်က ရောင်းသူမဲ့ စတိုးဆိုင် ပထမဆုံးဖွင့်လှစ်လိုက်ပြီဖြစ်သည်။ လာရောက်ဝယ်ယူသူများမှာ ဆိုင်အရှေ့ရှိ ATM စက်တွင် မိမိ၏လက်ကိုင်ဖုန်းဖြင့် QR code ကိုscan ဖတ်ကာ ဆိုင်အတွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။ စတိုးဆိုင်တွင်ပစ္စည်းအမျိုးအစားပေါင်း ၃၅ဝ ကို ၂ဝ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ရောင်းချခြင်းဖြစ်သည်။ ဆိုင်အတွင်းမှ မိမိနှစ်သက်ရာကိုယူဆောင်ပြီးနောက် မိမိဖုန်း mobile wallet မှ တစ်ဆင့်ငွေပေးချေကာ ဝယ်ယူနိုင်ကြောင်းသိရသည်။(Xinhua)