16
Tue, Jul
544 New Articles

စမတ်နည်းပညာသုံး စတိုးဆိုင်အသေးစားထည့်သွင်းထားသည့် မောင်းသူမဲ့ ဘတ်စ်ကားများတရုတ်တွင်ပြေးဆွဲ

ထျန်းကျင်း၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် Panda Bus ဟု အမည်ရသည့် စမတ်နည်းပညာသုံး မောင်းသူမဲ့ ဘတ်စ်ကား များ ကို စတင်ပြေးဆွဲလျက်ရှိသည်။ ၄င်းဘတ်စ်ကားများမှာ ထျန်းကျင်းမြို့၏ ပထမဆုံးမောင်းသူမဲ့ ဘတ်စ်ကားများဖြစ်ကြပြီး လက်ဝါးပြင် မှတ်သားသည့် စနစ်ဖြင့် ခရီးသည်များကို တင်ဆောင်ခြင်းဖြစ်သည်။ ခရီးသည်များအနေဖြင့် လက်ဖဝါးဖြင့် သွားလိုသည့်နေရာကိုရွေးချယ်နိုင်ရုံမက ဘတ်စ်ကားစီးနင်းစဉ်အတွင်း ဈေးဝယ်ယူနိုင်ရန် ကားအတွင်း စမတ် စတိုးငယ်လေးတစ်ကိုလည်း ထည့်သွင်းထားရှိသည်။ ထို့အပြင် ထိုင်ခုံများ၏ နောက်ကျောဘက်တွင် တပ်ဆင်ထားသည့် Tablets များမှ တစ်ဆင့်လည်း သတင်းအချက်အလက်များကိုရှာဖွေ ဖတ်ရှုနိုင်သည်။ ၄င်းဘတ်စ်ကားများမှာစုစုပေါင်း ခရီးမိုင် ၂.၅ ကီလိုမီတာ အထိ မောင်းနှင်သွားလာနိုင်ကြောင်းသိရသည်။  ကား၏ အမြန်နှုန်းမှာ တစ်နာရီလျင် ၁၅ ကီလိုမီတာမှ ကီလိုမီတာ ၂ဝ ကြား မောင်းနှင်နိုင်ပြီး ခရီးစဉ် တစ်ကြောင်းလျှင်အချိန်အားဖြင့် ၁၅ မိနစ်ခန့်ကြာမြင့်နိုင်မည် ဖြစ်ကြောင်းသိရသည်။(Xinhua)