16
Mon, Dec
501 New Articles

အီရတ် အစိုးရ တပ်ဖွဲ့ က IS အကြမ်းဖက် တပ်ဖွဲ့ ထံမှ မိုဆူးလ်မြို့အနောက်ပိုင်းဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့

မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ ကို ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး ၌ အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ပူးပေါင်း စစ်ဆင်ရေး ညွှန်ကြားမှု ဌာန က အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် မိုဆူးလ် မြို့အနောက်ပိုင်း ရှိ Mamun ဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က မိုဆူးလ်မြို့ အနောက်ဘက် အစွန်းရှိ Mamun ဒေသ ကို စတင် တိုက်စစ်ဆင်ခဲ့ပြီး IS အကြမ်းဖက် တပ်ဖွဲ့ နှင့် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားပြီးနောက်တွင် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ သည် Mamun ဒေသ ကို ရာနှုန်းပြည့် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အီရတ် နိုင်ငံ ဝန်ကြီးချုပ် Abadi သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ ကို ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပြီး အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ IS အကြမ်းဖက် တပ်ဖွဲ့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။လက်ရှိချိန်တွင် မိုဆူးလ်မြို့ အနောက်ပိုင်း ဒေသ တွင် IS အကြမ်းဖက် တပ်ဖွဲ့ဝင်ပေါင်း ၃၀၀၀ ခန့်လှုပ်ရှားနေကြောင်း သိရှိရသည်။

မိုဆူးလ် မြို့ သည် အီရတ် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ မြို့တော်ဖြစ်ပြီး အီရတ် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လပိုင်း တွင် IS အကြမ်းဖက် တပ်ဖွဲ့၏ သိမ်းပိုက်ခြင်း ကို ခံခဲ့ရပြီး အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုလ တွင် မိုဆူးလ်မြို့ ပြန်လည် သိမ်းပိုက်မည့် စစ်ဆင်ရေး ကို စတင်ကြောင်း ကြေညာခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အီရတ် အစိုးရ တပ်ဖွဲ့ မှ မိုဆူးလ်မြို့ အရှေ့ပိုင်း ဒေသကို သိမ်းပိုက်မည့် စစ်ဆင်ရေး စတင်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)