23
Tue, Apr
607 New Articles

ကိုလံဘို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင်ဧပြီလ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့်  ပြင်းထန်သည့်ဗုံးပေါက်ကွဲမှုများကြောင့် အများအပြားသေဆုံးခဲ့ရသူများကို အမှတ်ရသည့် အနေဖြင့် ဧပြီလ ၂၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ မိနစ်ငြိမ်သက်ခဲ့ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မှာ နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မာယန် ဆယ်လ်လင်းမ် (Maryam Sallem) က လွန်ခဲ့သော သုံးနှစ်အကြာက  မြို့ပြဘဝကိုစွန့်လွှတ်ကာ ဝေးလံခေါင်ဖျားလှသော တောင်ပေါ်ဒေသတွင် အခြေချရန် ဆုံးဖြတ်ခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း နောက်ပိုင်းတွင် သိရှိလာရပေသည်။

ပြုံယမ်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း Korean Central News Agency က ဧပြီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

ဟနွိုင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) 

ဗီယက်နမ်နိုင်ငံ သမ္မတဟောင်း Le Duc Anh (၁၉၂၀-၂၀၁၉) သည် ဧပြီ ၂၂ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း Vietnam News Agency က ဖော်ပြခဲ့သည်။

မနီလာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရှိ ဇမ်ဘေးလ်စ်ပြည်နယ်မြောက်ပိုင်း၌ ဧပြီလ ၂၂ ရက် ညနေပိုင်းက အင်အား ၅.၇ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောခဲ့သည်။

ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ခရစ်ယာဘုရားရှိခိုးကျောင်းများ နှင့် ဟိုတယ်များ  ဗုံးခွဲတိုက်ခိုက်ခံရမှုများတွင် သေဆုံးသူ ၂၉ဝ ဦး နှင့် ဒဏ်ရာရသူ ၅ဝဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ယနေ့ ဧပြီ ၂၂ ရက် တွင် ပြောကြားခဲ့သည်။

ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျှက်ရှိရာ ယခုအခါ သေဆုံး ၂၂၈ ဦး နှင့် ဒဏ်ရာရသူ ၄၅ဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဆေးရုံးသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာက ဖော်ပြခဲ့သည်။

ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက်မှာ ၁၈၅  ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူအရေအတွက်မှာ ၄၆၉ ဦးခန့်ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကိုလံဘို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ၌ ယနေ့ နံနက်ပိုင်းတွင် ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း ရဲတပ်ဖွဲ့ က အတည်ပြုပြောကြားခဲ့သည်။

ဂျကာတာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ယနေ့ ဧပြီ ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဘာလီကျွန်းအပန်းဖြေဒေသရှိ Agung မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ မြေပြင်အထက်၂ ကီလိုမီတာခန့် အကွာ ကောင်းကင်ပြင်တစ်ခုလုံးတွင် မီးခိုးပြာများဖြင့် ဖုံးလွှမ်းနေကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။