15
Tue, Oct
572 New Articles

အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်သော ကက်ရှ်မီးယား ဒေသတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၊ လူ ၃၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ထိန်းချုပ်သည့် ကက်ရှမီးယားဒေသတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှု အတွင်း ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ) Asia

နယူးဒေလီ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်အခြမ်းက ထိန်းချုပ်သော ကက်ရှ်မီးယား ဒေသ၌ ဇူလိုင် ၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၃ ဦးသေဆုံးပြီး အခြား လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ ဇူလိုင် ၁ ရက် ဒေသစံတော် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ခရီးသည်တင်ယာဉ်တစ်စီးသည် အိန္ဒိယနိုင်ငံဘက်အခြမ်းမှ ထိန်းချုပ်သည့် ကက်ရှ်မီးယားရှိ Kishtwar ဒေသသို့ ရောက်ရှိစဉ် တောင်စောင်းချောက်ကမ်းပါးထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း Hindustan Times ၏ သတင်းများအရသိရသည်။ အချင်းဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအား ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားရာနေရာသို့ ကူညီကယ်ဆယ်ရေးသမားများ သွားရောက်ကူညီကုသမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံရဲဘက်ဆိုင်ရာက ဆိုသည်။

အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ယာဉ်မတော်တဆမှုကြီးများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ဝန်ပိုတင်ဆောင်ခြင်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် လမ်းအခြေအနေ မကောင်းခြင်းများသည် ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အဓိက အကြောင်းအရင်းများဖြစ်ကြောင်း သိရသည်။ ဇွန် ၂၇ ရက်ကလည်း ၎င်းဒေသ၌ ယာဉ်မတော်တဆမငတစ်ခုဖြစ်ပွားရာ ကျောင်းသား ၉ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အခြားလူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)