19
Sun, Jan
490 New Articles

သီရိလင်္ကာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်ရထား နှင့် လိုက်ပါလိုကြောင်း သီရိလင်္ကာ နိုင်ငံ သမ္မတ ပြောကြား

သီရိလင်္ကာ နိုင်ငံ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Asia

ကိုလံဘို ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) က ဒီဇင်ဘာ ၃၀ ရက် ၌ သီရိလင်္ကာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ နှင့် အောင်မြင်မှုများ အပေါ် မြင့်မားစွာ ချီးမွမ်း ပြီး တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု  အမြန်ရထား နှင့် လိုက်ပါလိုကြောင်း ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သမ္မတ က သမ္မတ အိမ်တော် ၌ သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချိန်ရွှဲယွမ် (Cheng Xueyuan) နှင့် တွေ့ဆုံစဉ် အတွင်း အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့သည်။ သီရိလင်္ကာ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ အနေဖြင့် သွင်းကုန်ထွက်ကုန် ၊ ရင်းနှီးမြှုပ်နှံမှု ၊ ခရီးသွားလုပ်ငန်း ၊ အဆင့်မြင့်နည်းပညာ ၊ ပညာရေး နှင့် လူ့အရင်းအမြစ် မွေးထုတ်ရေး စသည့် ကဏ္ဍ များ တွင် သီရိလင်္ကာ နိုင်ငံ အပေါ် ခိုင်မြဲစွာ ထောက်ခံအားပေး သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြီးများ နှင့် အခြား အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ် များနှင့် ပတ်သက်၍လည်း ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။(Xinhua)