19
Thu, Sep
520 New Articles

ပါပူဝါနယူးဂီနီနိုင်ငံတွင် အင်အား ၆.၀ ပမာဏရှိသော ငလျင်လှုပ်

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Australia / Oceania

 

ဆစ်ဒနီ၊ မေ ၁၇ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံရှိ Taron တောင်၏ အနောက်တောင်ဘက် ၁၂ ကီလိုမီတာတွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု မေလ ၁၇ ရက်က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဆိုအရသိရသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈း၃၇ နာရီကဖြစ်ပွားခဲ့ပြီး တောင်လတ္တီကျု ၄.၅၇၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၅၃.၀၀၆ ဒီဂရီ၊ မြေအောက်အနက် ၂၇ ကီလိုမီတာ၌ လှုပ်ရှားခဲ့ကြောင်း ကနဦး တိုင်းတာရရှိခဲ့သည်။ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)