20
Mon, May
572 New Articles

မော်စကို၊ မေ ၁၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ် သံအမတ်ကြီး Li Huiကို ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က မေ ၁၃ ရက်က Order of Friendshipဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မော်စကို ၊ မေ ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergei Lavrov) က မေ၆ ရက်က ဖင်လန်နိုင်ငံ Rovaniemi မြို့ တော်၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့်တွေ့ ဆုံစဉ် ဗင်နီဇွဲလားနိုင်ငံအကျပ်အတည်းအပေါ် စစ်ရေးနည်းလမ်းတစ်ခုဖြင့် အဖြေရှာခြင်းကို ရုရှားနိုင်ငံက ဆန့် ကျင်ကန့် ကွက်ကြောင်း ပြောကြားခဲ့သည်။  

မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk မြို့ သို့ ဦးတည်ထွက်ခွာသော SSJ-100 ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၅ ရက်က မော်စကိုမြို့  Sheremetyevo နိုင်ငံတကာလေဆိပ်သို့  အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၄၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ယနေ့ မေ ၆ ရက်တွင် အတည်ပြုခဲ့သည်။

မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ)

အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။ 

မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov  နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Jorge Arreazaတို့ သည် မေ ၅ ရက်တွင် မော်စကို၌ တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Sergei Ryabkovက မေ ၄ ရက်တွင်ပြောကြားခဲ့သည်။

မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားအခြေအနေနှင့်စပ်လျဉ်း၍  ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  Mike Pompeoတို့ မေ ၁ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အချို့ သောနိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့များအတွက် အရိုးရှင်းဆုံးအစီအစဉ်တစ်ခုအောက်တွင် ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုပုံစံ အမိန့် ဒီဂရီတစ်ရပ်ကို မေ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတနန်းတော်က ဆိုသည်။

မော်စကို၊ မေ ၁ ရက်(ဆင်ဟွာ)

နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်ရန် စစ်ရေးနည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်တို့သည်  ဧပြီ ၃၀ ရက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။ 

မော်စကို ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အစွန်းရောက်အဖွဲ့ IS အကြမ်းဖက်များ အာဖဂန်နစ္စတန်သို့ ရွှေ့ပြောင်းနေသည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ 

မော်စကို ၊ ဧပြိ ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်တို့ သည် ရုရှားနိုင်ငံအရှေ့ ဖျားရှိ Vladivostok မြို့ တွင် ဧပြီ ၂၅ ရက်တွင် တွေ့ ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yuri Ushakov က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။