16
Mon, Dec
497 New Articles

မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းပြင်ပတွင် အင်အား ၆.၀ ရှိသော ငလျင်လှုပ်ခတ်

ငလျင်ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

မက္ကဆီကိုစီးတီး၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်း၌ ဇွန်လ ၂၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းက အင်အား ၆.၀ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းအမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) ထံမှ သိရသည်။

အဆိုပါ ငလျင်သည် မက္ကဆီကိုနိုင်ငံ အနောက်ဘက် Jalisco ပြည်နယ် San Patricio မြို့ အနောက်-အနောက်တောင်ဘက် ၄၄ ကီလိုမီတာနှင့် မြေအောက်အနက် ၂၄.၈ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း USGS က ဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်အလှုပ်ခတ်ဆုံးနေရာတစ်ခုဖြစ်ပြီး မကြာသေးမီက အင်အားပြင်း ငလျင်လှုပ်ခတ်မှုများ ခံစားခဲ့ရသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပြင်းအား ၇.၁ ရှိသော ငလျင်ကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။ (Xinhua)