23
Mon, Sep
527 New Articles

ရုရှားနိုင်ငံတွင် ယမ်းမှုန့်ပေါက်ကွဲမှုစက်ရုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင်း လူ ၃ ဦးသေဆုံး

ရုရှားနိုင်ငံ မော်စကိုတွင် ၂၀၁၄ ခုနှစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Europe

မော်စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Perm မြို့ရှိ ယမ်းမှုန့်စက်ရုံတွင် အောက်တိုဘာ ၈ ရက်က ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အခြားသူ ၂ ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ Perm နယ်မြေဌာနခွဲက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Perm ယမ်းမှုန့်စက်ရုံပိုင်မြေပေါ်ရှိ ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုသည် မော်စကိုစံတော်ချိန် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ်လုပ်ငန်းဝန်ကြီးဌာန ဒေသခံဌာနခွဲက သီးခြားထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံပျက်စီးသွားခြင်းမရှိကြောင်း၊ မီးလောင်ကျွမ်းခြင်းနှင့် ထုတ်ကုန်လုပ်ငန်းများအား ထိခိုက်ခြင်းမရှိခဲ့ကြောင်း သိရသည်။ (Xinhua)