24
Wed, Jul
543 New Articles

ဆင်ဟွာ သတင်းဌာန နှင့် ANSA ပူးပေါင်း၍ ဆင်ဟွာ အီတလီ ရုံးခွဲ ဖွင့်လှစ်မည်

ဆင်ဟွာ သတင်းဌာန နှင့် ANSA သတင်းဌာန တို့ ၏ အမှတ်တံဆိပ်များအား တွေ့ ရစဉ်(ဆင်ဟွာ) Europe

ရောမ ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Cai Mingzhao) နှင့် ANSA သတင်းဌာန အမှုဆောင် အရာရှိချုပ် Stefano De Alessandri တို့ သည် ဆင်ဟွာ အီတလီ ရုံးခွဲအား ဖွင့်လှစ်ရန် သဘောတူ လက်မှတ် ရေးထိုးခြင်းအား မတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချိုင့်မင်ကျောက် က လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင်  သတင်းဌာန နှစ်ခု၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အီတလီ ရုံးခွဲ ဖွင့်လှစ်ခြင်းသည် မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းမှာ နှစ်နိုင်ငံ ပြည်သူများ အကြား ခင်မင်ရင်းနှီးမှု နှင့် နားလည်မှုများ ပို၍ အားကောင်းလာစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ANSA သတင်းဌာန အမှုဆောင် အရာရှိချုပ် Stefano De Alessandri က အီတလီ ရုံးခွဲ ဖွင့်လှစ်ခြင်းဖြင့် ဆင်ဟွာသတင်းဌာန မှတဆင့် တရုတ် နိုင်ငံ အကြောင်းကို အီတလီ နိုင်ငံမှ လေ့လာနိုင်မည် ဖြစ်ကြောင်း နှင့် ANSA အနေဖြင့် ဆင်ဟွာ သတင်းဌာန နှင့် တွဲဘက် တစ်ခု အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းအား ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာနသည် တစ်ကမ္ဘာလုံး အနှံ့  သတင်းများအား တရုတ် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ ရုရှား ၊ စပိန် ၊ အာရေဗျ ၊ ပေါ်တူဂီ နှင့် ဂျပန် ဘာသာစကား ၈ မျိုးဖြင့် ထုတ်လွှင့်လျက် ရှိရာ အီတလီ ရုံးခွဲ ဖွင့်လှစ်ခြင်းဖြင့် ဘာသာစကား ၉ မျိုး အထိ တိုးလာမည် ဖြစ်ကြောင်း သိရသည်။(Xinhua)