22
Mon, Jul
546 New Articles

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေက ဇွန်လ ၇ ရက်တွင် ရာထူးမှနုတ်ထွက်ရန်ရှိကြောင်းပြော

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ) Europe

လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) သည် ဇွန်လ ၇ ရက်တွင် ကွန်ဆာဗေးတစ်ခေါင်းဆောင် အဖြစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ နောက်ထပ် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ဆုံးဖြတ်ရန် လမ်းဖွင့်ပေးလိုက်ကြောင်း မေလ ၂၄ ရက်က ပြောကြားလိုက်သည်။

“ကျွန်မ ဇွန်လ ၇ ရက်မှာ ကွန်ဆာဗေးတစ်ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်မှာဖြစ်ကြောင်း ဒီကနေ့ (မေလ ၂၄ ရက်) မှာ ကြေညာလိုက်ပါတယ်။ လာမယ့် သီတင်းပတ်မှာ ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်ဖို့ ပါတီဥက္ကဋ္ဌနဲ့ သဘောတူညီမှုရရှိထားပြီးပါပြီ” ဟု မေက ပြောသည်။ (Xinhua)