23
Tue, Apr
607 New Articles

ရီယိုဒီ ဂျနေးရိုး ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ၊ ရီယိုဒီ ဂျနေးရိုးမြို့ အနောက်ပိုင်းရှိ လူနေ အဆောက်အအုံ ၂ ခု ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၄ ဦး အထိ မြင့်တက် လာကြောင်း ဒေသခံ အာဏာပိုင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

လာပတ်စ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း တွင်ဘတ်စ်ကားတစ်စီး နှင့် အခြား မော်တော်ယာဉ်တစ်စီးတို့ တိုက်မိရာ အဆိုပါ ဘတ်စ်ကားသည် မီတာ ၁၀၀ အနက်ရှိသော ချောက်တစ်ခုထဲသို့ ဧပြီ ၂၁ရက်ညက ပြုတ်ကျခဲ့ပြီး လူ ၂၅ဦးသေဆုံးကာ အခြားလူ ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၂ရက်တွင်ပြောကြားခဲ့သည်။

ဘိုဂိုတာ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် ကိုလံဘီယာနိုင်ငံ နောက်တောင်ပိုင်း Caucaပြည်နယ် ၊Rosas မြို့တွင်  ဧပြီ ၂၁ ရက်နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အပြင် အခြားလူ ၂၀ ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 

ဆန်တီယာဂို၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံတောင်ပိုင်းတွင်လေယာဉ်အငယ်စားတစ်စီးအိမ်တစ်လုံးအပေါ်သို့ဧပြီလ ၁၆ ရက်ကပျက်ကျ ခဲ့ရာ အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဘရာဇီးလီးယား၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့မှ  တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ကြေညာခဲ့သည်။ 

ပနားမားစီးတီး  ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုပြုသော ခေတ်သစ်ပိုးလမ်းမကြီးသည် လက်တင်အမေရိကအတွက် ဖွံ့ဖြိုးရေးအခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိရာ လက်မလွှတ်သင့်ကြောင်း ပနားမားနိုင်ငံ စီးပွားရေးပညာရှင် အက်ဒီတာပီရိုက ဆင်ဟွာ၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ 

ရီယိုဒီဂျနေရို ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ဆေးရုံး၌ ကျောက်ကပ်တစ်လုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာဝန်များက ဧပြီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

လာပတ်စ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးပြီး လူအယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဧပြီ ၁၁ရက်တွင်ပြောကြားခဲ့သည်။

လီမာ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ သမ္မတဟောင်း Pedro Pablo Kuczynski အား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ဧပြီ ၁၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။

မက်ဒရစ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်း ၏ နည်းပြ လီယိုနယ်လ်စကယ်လိုနီ (Lionel Scaloni) သည် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် စပိန်နိုင်ငံ Mallorca ကျွန်းရှိ နီးစပ်ရာဆေးရုံသို့ ဧပြီလ ၉ ရက်နေ့တွင်ခေါ်ဆောင်သွားခဲ့ရကြောင်း သိရသည်။