26
Wed, Sep
674 New Articles

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကင်ဂျုံအမ်း နှင့် စင်ကာပူ နိုင်ငံ တွင် တွေ့ဆုံမှု ကို ဖျက်သိမ်း လိုက်ကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ) North America

ဝါရှင်တန် ၊ မေလ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၂၄ ရက်နေ့ ၌ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တရားဝင် ရန်လိုသည့် အပြုအမူများ ကို ဆောင်ရွက်လာသောကြောင့် စင်ကာပူ နိုင်ငံ တွင် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံမှု ကို ဖျက်သိမ်း လိုက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် က မေလ ၂၄  ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဒေါ်နယ်ထရမ့် မှ ကင်ဂျုံအမ်း အား ပေးပို့သည့် အိတ်ဖွင့်စာ ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး စာအတွင်း ဒေါ်နယ်ထရမ့် က ၄င်းအနေဖြင့် ကင်ဂျုံအမ်း နှင့် တွေ့ဆုံရန် လွန်စွာ မျှော်လင့်ခဲ့သော်လည်း မြောက်ကိုရီးယား နိုင်ငံ မှ လတ်တလော ကလ အတွင်း အလွန်ပြင်းထန်သည့် ဒေါသ နှင့် တရားဝင် ရန်လိုသည့် အပြုအမူများ ကို ဆောင်ရွက်လာသောကြောင့် ဆွေးနွေးပွဲ ကျင်းပရန် မသင့်လျော်သည့် အချိန်ကာလ ဟု သတ်မှတ်သဖြင့် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့် ဆွေးနွေးပွဲ ကို ဖျက်သိမ်း ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့သည် ယခင် က ဇွန်လ ၁၂ ရက်နေ့ တွင် စင်ကာပူ နိုင်ငံ ၌ ထိပ်သီးဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။(Xinhua)