16
Tue, Jul
542 New Articles

ကာရာကာ့စ်၊ မေ ၁ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုးပက်ဇ် (Vladimir Padrino Lopez)  က ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ဧပြီလ ၃၀ ရက်အစောပိုင်းကအာဏာသိမ်းရန်ကြိုးစားမှုတစ် ရပ်ကိုအောင်မြင်စွာတားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်  ၊ မေ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte ရှိ မြောက်ကာရိုလိုင်းနားတက္ကသိုလ်ပရဝဏ်အတွင်း ဧပြီ ၃ဝ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာ WSOC က သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရောမ် (Margot Wallstrom) နှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် West Chesterမြို့နယ်ရှိ  နေအိမ်တစ်ခုတွင် ဧပြီ ၂၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲဘက်ဆိုင်ရာက  ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် West Chesterမြို့နယ်ရှိ  နေအိမ်တစ်ခုတွင် ဧပြီ ၂၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲဘက်ဆိုင်ရာက  ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုစီးတီး၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

မက္ကဆီကိုအာဏာပိုင်များက နိုင်ငံအနောက်မြောက်ပိုင်း Sinaloa ပြည်နယ်၌ ဆေးခြောက် ၄၂၉ ကီလိုဂရမ် တင်ဆောင်ထားသော စွန့် ပစ်လေယာဉ်ငယ်တစ်စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့ နေချုပ်ရုံး(FGR) က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ)

ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။

မက္ကဆီကိုစီတီး၊ ဧပြီလ ၁၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုအစိုးရအနေနှင့် တရုတ်ခရီးသွားများလာရောက်လည်ပတ်မှုအားပိုမိုဆွဲဆောင်မှုပြုနိုင်ရန်အ တွက် “တံခါးဝမှာခေါက်နေစဉ်” (Knocking at the Door) အမည်ရှိ ကမ္ဘာလှည့်ခရီးသွားစီမံချက်တစ် ရပ်ကိုလုပ်ဆောင်သွားရန်စီစဉ်နေကြောင်း မက္ကဆီကိုကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာန က ဧပြီလ ၁၄  ရက်တွင်ပြောကြားခဲ့သည်။

ဟူစတန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့ ၌ ဧပြီ ၁၃ ရက်က ၃၂ ကြိမ်မြောက် ဟူစတန်ကားအလှဆင်ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလား နှင့် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှုများကို မြှင့်တင်ရန် ရေနံကုမ္ပဏီ ၄ခု နှင့် ၎င်းတို့၏ သင်္ဘော ၉စီး အပေါ် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ကြောင်း ဧပြီ ၁၂ ရက်ကကြေညာခဲ့သည်။