မနီလာ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က ဒီဇင်ဘာ ၄ ရက် ၌ လက်ရှိချိန်တွင် ဖိလစ်ပိုင်-တရုတ် နှစ်နိုင်ငံ က အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှု ပိုမို ရရှိထား ခဲ့ပြီး မိမိ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အပေါ် အားရကျေနပ်ကြောင်း ပြောကြား ခဲ့သည်။