ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၅ သန်းထိ ရှိလာ

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများအားတွေ့ ရစဉ်(ဆင်ဟွာ) World

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်သည် ၅ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

၎င်းတို့အနက် ၃ သန်းကျော်မှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြပြီး အများစုမှာ လစာနိမ့် ကာယလုပ်သားများအဖြစ် လုပ်ကိုင်နေကြကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဆိုသည်။

ကျန်မြန်မာအလုပ်သမားများမှာ မလေးရှား ၊ စင်ကာပူ ၊ တရုတ် ၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ကာတာ နှင့် အခြား အာရှ နှင့် ဥရောပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်မှ ရေလုပ်သား ၄၅,ဝဝဝ ကျော်သည် ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေကြကြောင်း နှင့် အလုပ်သမားပေါင်း ၅၁,ဝဝဝ ကျော်မှာ ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်းစက်ရုံများတွင် လုပ်ကိုင်နေကြကြောင်း ဦးမျိုးအောင်က ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လိုအပ်ချက်အရ မြန်မာရေလုပ်သားများကို တရားဝင်အလုပ်သမားများအဖြစ် စေလွှတ်သည့် စနစ်ကို လုပ်ဆောင်နေကြောင်း ၊ မြန်မာအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းအလုပ်သမားဖလှယ်ရေးစနစ်တစ်ခုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးသွားနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ နေပြည်တော်သို့ထိုင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Adul Sangsingkeo လာရောက်လည်ပတ်စဉ် ၂ဝ၁၈ ခုနှစ် သြဂုတ်လက မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်တစ်ခုအရ ထိုင်းနိုင်ငံသည် ရေထွက်ပစ္စည်းစက်ရုံများအတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၆ဝ,ဝဝဝကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)