ရှေးဟောင်း ကျောက်သားပန်းပုလက်ရာများ ထိန်းသိမ်းရန် ကာကွယ်ရေးစီမံကိန်း ၈၀ ကျော် အကောင်အထည်ဖော်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသရှိ Dazu ကျောက်သားပန်းပုလက်ရာများသို့ ခရီးသွားများ လာရောက်လေ့လာနေကြစဉ် (ဆင်ဟွာ) Culture & Entertainment

ချုံချင့်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသရှိ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သော Dazu ကျောက်သားပန်းပုလက်ရာများကို ထိန်းသိမ်းထားလျက်ရှိကြောင်း ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သော  နိုင်ငံတကာစာတမ်းဖတ်ပွဲတစ်ခုအရ သိရသည်။

အဆိုပါ စီမံကိန်းများအရ ပျက်စီးယိုယွင်းလာသော ကျောက်သားပန်းပုလက်ရာများကို ထိရောက်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကာကွယ်မှုနည်းလမ်းအနေဖြင့် ကယ်ဆယ်ရေးဦးစားပေးအနေအထားမှ ကယ်ဆယ်ရေးနှင့် ကာကွယ်ရေးများ ပေါင်းစပ်ခြင်းအနေအထားသို့ အသွင်ပြောင်းလိုက်ကြောင်း Dazu ကျောက်သားပန်းပုလက်ရာများအဖွဲ့ အကြီးအကဲ လီဖန်ယင်က ပြောခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ရှေးဟောင်းအမွေအနှစ် တာဝန်ရှိသူများက နည်းပညာမှတစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းမှု တိုးမြှင့်ရန် လုံခြုံရေးနည်းပညာ ကာကွယ်ရေးစင်တာ၊ ကာကွယ်ရေးစင်တာနှင့် စောင့်ကြည့်ရေးနှင့် အစောပိုင်းသတိပေးမှုစင်တာများ တည်ထောင်ခဲ့ကြသည်။ လိုဏ်ဂူများဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စီမံကိန်းများကလည်း ပန်းပုလက်ရာများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအဆင့်မြှင့်ရာတွင် ကူညီပေးလျက်ရှိကြောင်း သိရသည်။

ချုံချင့်ဒေသ Dazu ခရိုင်ရှိ လိုဏ်ဂူများတွင် သီးသန့်ကျောက်သားပန်းပုလက်ရာ ၅၀,၀၀၀ ကျော် ရှိသည်။ အဆိုပါ ကျောက်သားပန်းပုလက်ရာများမှာ ၉ ရာစုနှင့် ၁၃ ရာစုခေတ်မှ လက်ရာများဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းခဲ့ခြင်းဖြစ်သည်။ (Xinhua)