ကျိနန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်
တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ တည်ဆောက်နေဆဲဖြစ်သော ရွှေတွင်းတစ်လျှောက် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြေအောက်တွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးကို ရှာဖွေရာ၌ ကယ်ဆယ်ရေးသမား ၃၀၀ ကျော် ပူးပေါင်းပါဝင်လျက်ရှိကြောင်း ဒေသခံတာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။