အာရှ၏ ထိပ်တန်းဖုန်းတံဆိပ် ၅၀၀ တွင် တရုတ်သုံးစွဲသူများအဖို့ ဟွာဝေးက ရေပန်းအစားဆုံးအဖြစ်ရပ်တည်

ဟွာဝေးဖုန်းပအသုံးပြုနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ) Science & Technology

ဟောင်ကောင်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် အာရှ၏ ထိပ်တန်းတံဆိပ် ၅၀၀စာရင်းကို ထုတ်ပြန်ရာတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေး တံဆိပ်က တရုတ်သုံးစွဲသူများအတွက် ရေပန်းအစားဆုံးအဖြစ်ရပ်တည်ခဲ့ကြောင်းသိရသည်။

နိုင်ငံပေါင်း ၂၂ နိုင်ငံ နှင့် ဒေသများတွင် ကဏ္ဍပေါင်း ၄၀ ၏ လူကြိုက်များသည့် တံဆိပ်၅၀၀စာရင်းအား ကမ္ဘာ့တံဆိပ်များ နှင့် ကမ္ဘာ့အလုပ်အမှုဆောင်အဖွဲ့၏ သြဂုတ် ၂၇ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရင်းအရ တံဆိပ်ပေါင်း ၅၀၀ ၏ မူလထိပ်တန်း ၃နေရာမှာ တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယားတို့ဖြစ်ကြပြီး တံဆိပ်ပေါင်း ၂၁၁၊ ၁၃၈ နှင့် ၄၉ အသီသီးရှိခဲ့ကြောင်းသိရသည်။ (Xinhua)