တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ အာကာသယာဉ် မေလ သို့မဟုတ် ဇွန်လတွင် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်မည်

တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ယူထားသော ရုပ်ထွက်မြင့်မားသော အင်္ဂါဂြိုဟ်ဓာတ်ပုံတစ်ပုံကို တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မတ်လ ၄ ရက်က ပြသနေစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua) Science & Technology

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်အာကာသယာဉ် ထျန်းဝန်-၁ သည် အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း တစ်စက္ကန့်လျှင် ၄.၈ ကီလိုမီတာ အမြန်နှုန်းဖြင့် ခရီးနှင်လျက်ရှိပြီး အင်္ဂါဂြိုဟ်ပေါ်သို့ မေလ သို့မဟုတ် ဇွန်လတွင် ဆင်းသက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း အကြီးတန်း အာကာသကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ်သည် လုပ်ဆောင်ချက်များ ပုံမှန်ရှိကြောင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ သတင်းအချက်အလက် အမြောက်အများပါဝင်သော အင်္ဂါဂြိုဟ်၏ ရုပ်ထွက်မြင့်မားသော ဓာတ်ပုံများကို မြေပြင်သို့ ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းအောက်ရှိ သိပ္ပံနှင့် နည်းပညာကော်မတီ ညွှန်ကြားရေးမှူး Bao Weimin က ပြောခဲ့သည်။

ထျန်းဝန်-၁ အာကာသယာဉ်သည် ကြိုတင်ရွေးချယ်ထားသော ဆင်းသက်ဧရိယာ၏ အသေးစိတ်အနေအထားကို စစ်တမ်းကောက်ယူခြင်းနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ချိန် ပျံသန်းသော လမ်းကြောင်းများတစ်လျှောက်၌ ဖုန်မှုန့်များကို ရှောင်ရှားရန် ရာသီဥတုအခြေအနေစောင့်ကြည့်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သူ Bao က ပြောခဲ့သည်။

ကမ္ဘာတစ်ဝန်း အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်ပေါင်း ၅၀ နီးပါး ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း သုံးပုံနှစ်ပုံခန့်မှာ အောင်မြင်မှုမရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ် စတင်သည်မှာ နောက်ကျသော်လည်း အာကာသယာဉ်အား ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဂြိုဟ်ပေါ်ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်သွားခြင်းတို့အား လုပ်ငန်းစဉ်တစ်ခုတည်းပြီးစီးစေရန် ရည်ရွယ်လျက် ထိရောက်မှုနှင့် တီထွင်ဆန်းသစ်မှုမြင့်မားစွာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း Bao က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
China's Tianwen-1 probe to land on Mars in May or June
Source: Xinhua| 2021-03-04 18:00:18|Editor: huaxia
BEIJING, March 4 (Xinhua) -- China's Mars probe Tianwen-1 is traveling at a speed of 4.8 km per second in the Mars orbit, and is expected to land on the red planet in May or June, a senior space expert said on Thursday.
The probe is functioning normally and has sent home China's first high-definition images of Mars, which contain a large quantity of scientific information, said Bao Weimin, director of the Committee of Science and Technology under the China Aerospace Science and Technology Corporation.
The probe will survey the topography of the pre-selected landing area and conduct weather observation along the flight routes to avoid dust when landing on Mars, said Bao, who is also a member of the 13th National Committee of the Chinese People's Political Consultative Conference, the country's top political advisory body.
Nearly 50 Mars missions have been launched globally, but approximately two-thirds have failed, said Bao, adding that although China's Mars exploration began late, the probe is designed to be highly efficient and innovative, aiming to complete orbiting, landing and roving operations in one mission. ■
Photo released on March 4, 2021 by the China National Space Administration (CNSA) shows a high-resolution image of Mars captured by the country's Tianwen-1 probe. (CNSA/Handout via Xinhua)