ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်
တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၂ ရက် တွင် ပြောကြားခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစီးအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်းကို တရုတ်နိုင်ငံ ပြည်သူ့ပုံနှိပ်လုပ်ငန်းက ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သိရသည်။

ပဲရစ် ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ၎င်း၏ twitter လူမှုကွန်ရက်တွင် သြစတြေးလျနိုင်ငံစစ်သားက အာဖဂန်နစ္စတန် အရပ်သားအား သတ်ဖြတ်နေသည့် ပုံကို ထပ်ဆင့်ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့မှုအပေါ် ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ တွစ်တာလူမှုကွန်ရက်တွင် စာနှင့်တွဲတင်ထားသည့် ဩစတြေးလျစစ်သား ဓာတ်ပုံကို “ဓာတ်ပုံအတု”ဟူ၍ အပြစ်တင်ပြောဆိုနေခြင်းသည် ဩစတြေးလျအနေဖြင့် ကိုယ့်အပြစ်ကို သူများအပေါ်ပုံချရန် အဓိပ္ပါယ်မဲ့ကြိုးပမ်းခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်အမှန်မှာ အဆိုပါ ပန်းချီဓါတ်ပုံကို အာရုံလွှဲရန် ၊ မဆီလျော်မှုကို ရှောင်ရှားရန် ၊ ဖိအားကိုခေါင်းလွှဲ၍ တရုတ်နိုင်ငံ၏ ဖြစ်ရပ်မှန် ပြောဆိုခွင့်ကို ငြင်းပယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ Chang'e-5 အာကာသယာဉ်သည် လမျက်နှာပြင် အနီးဆုံးဘက်ခြမ်းသို့ ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ဓာတ်ပုံများကို ပြန်လည်ပေးပို့နိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ကြေညာခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

BRICS မီဒီယာဖိုရမ် ဦးဆောင်အဖွဲ့ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ပြီး ဖိုရမ်လုပ်ထုံးလုပ်နည်း တိုးတက်ရန်နှင့် BRICS မီဒီယာအကြား COVID-19 အလွန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများကို အဖွဲ့ဝင်များက ကတိပြုခဲ့ကြောင်း သိရသည်။

နန်နင်း ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

၁၇ ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နိုဝင်ဘာ ၃၀ ရက်တွင် ကွမ်ရှီးနန်နင်းတွင် ကျင်းပပြီးစီးခဲ့ပြီး ယခုအကြိမ်ပြပွဲတွင် တရုတ်-အာဆီယံ အတူတကွ လက်တွဲ၍ COVID-19 တိုက်ဖျက်ရေးတွင် ရရှိခဲ့သည့်အောင်မြင်မှု နှင့် ဘက်ပေါင်းစုံကဏ္ဍအသီးသီးတွင် ပူးပေါင်းဖလှယ်မှု တို့မှ အောင်မြင်မှုများစွာကို ရရှိနိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့ AIDS နေ့တွင် HIV/AIDS ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအတွက် မရပ်မနား ကြိုးပမ်းအားထုတ်မှုများအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်ဖြစ်သူ လီသည် ယင်းကိစ္စနှင့် ဆက်စပ်၍ ညွှန်ကြားချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ စည်းကမ်းချိုးဖောက်ကာ ဆိုးဝါးသော အပြုအမူများ ကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ပတ်သက်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

 Chang'e-5 စူးစမ်းလေ့လာရေးယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ၂၀ နာရီ ၂၃ မိနစ်က လကမ္ဘာအနီးတွင် နောက်ထပ် တစ်ကြိမ် (အရှိန်ထိန်း)ဘရိတ်အုပ်ထိန်းချုပ်၍ ဘဲဥပုံသဏ္ဍာန် လကမ္ဘာ ဂြိုဟ်ပတ်လမ်းကြောင်းမှ စက်ဝိုင်းပုံသဏ္ဍာန်လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအနီးသို့ ပျံသန်းမောင်းနှင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)၏ ပြောကြားချက်များအရ သိရသည်။