ပေကျင်း၊ဒီဇင်ဘာ၁၇ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်


တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လမျက်နှာပြင်ပေါ်မှ ပထမဆုံး နမူနာပစ္စည်းများကို စုဆောင်းရယူပြီး အမိနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော Chang’e-5 အာကာသခရီးစဉ် အောင်မြင်မှုအပေါ် ဝမ်းမြောက် ဂုဏ်ပြုကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် /စိုးမိုး


တရုတ်နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့သည် နှစ်နိုင်ငံအနေဖြင့် ပဲ့ထိန်းဒုံးကျည် နှင့် အာကာသ သယ်ယူပို့ဆောင်ရေး ဒုံးကျည် လွှတ်တင်ခြင်းဆိုင်ရာ အချက်အလက်များအား အပြန်အလှန် အသိပေးအကြောင်းကြား ပေးအပ်သွားရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်ကို ဒီဇင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ သက်တမ်းအားဖြင့် အချိန်ကာလ ၁၀ နှစ် ကြာမြင်မည် ဖြစ်ကြောင်း သိရသည်။

ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအမျိုးအစားသစ်တစ်မျိုးကို အင်္ဂါနေ့က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် “နောက်ဆုံးပြိုင်ပွဲ” သို့ ဝင်ရောက်လာပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်မှုအတွက် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်နမူနာပစ္စည်းများကို သွားရောက်စုဆောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

Chang'e-5 အာကာသယာဉ်သည် လမျက်နှာပြင်မှ နမူနာပစ္စည်းများကို ကမ္ဘာမြေထံသို့ ပြန်လည်ယူဆောင်လာပြီ ဖြစ်သဖြင့် ၎င်းယာဉ်ဆင်းသက်မည့် လျာထားနေရာဖြစ်သော တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း ခရီးစဉ်၏ နမူနာပစ္စည်းရှာဖွေရေးနှင့် ပြန်လည်သယ်ဆောင်ရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးများ သင့်တင့်မျှတစွာ ရရှိနိုင်ရန် ခိုင်မာသော ဆောင်ရွက်ချက်များနှင့်အတူ ကတိကဝတ်များကို ဖြည့်ဆည်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးကုမ္ပဏီများသည် ၎င်းတို့၏ ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု အဆင့်မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုကို လျှော့သွားမည်မဟုတ်ကြောင်းနှင့် ကာကွယ်ဆေးများစွာသည်လည်း လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများနှင့် အခြားသောနိုင်ငံများအကြား ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံခြင်း မိတ်ဖက်အဖွဲ့ (Global Alliance for Vaccines and Immunization) တို့နှင့် အနီးကပ် ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရသည် နိုင်ငံများအားလုံး ဘေးကင်း၍ အစွမ်းထက်သော ကာကွယ်ဆေးများ သာတူညီမျှရရှိနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မဖွံ့ဖြိုးသေးသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့အတွက်လည်း ကူညီခြင်းမှတစ်ဆင့် ကာကွယ်ဆေး သင့်တင့်မျှတစွာ ရရှိရေး ကူညီသွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ဆိုင်ရာ မေးခွန်း မေးမြန်းရာ၌ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ဘေးကင်း၍ အစွမ်းထက်သော ကာကွယ်ဆေးဖြစ်ရန် အမြဲတစေ အလွန်တရာအလေးထားပါကြောင်း ဖြေကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးကုမ္ပဏီတွေဟာ သိပ္ပံနှင့် စည်းမျဉ်း လိုအပ်ချက်များ တင်းကြပ်ထားချက်အရ သုတေသနနဲ့ ဖော်ထုတ်မှုတွေကို အဆင့်မြှင့်ထားလျက်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ စည်းမျဉ်းတွေအရ ကြပ်ကြပ်မတ်မတ်လိုက်နာမှုအောက်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပါဝင်လျက်ရှိပါတယ်” ဟု ဝမ်က ဆိုသည်။

အချို့သောနိုင်ငံများသည် တရုတ်နိုင်ငံ၏ ဘေးကင်းမှုနှင့် အစွမ်းထက်မှုကို အတည်ပြုထားသည့် ကာကွယ်ဆေးကို အသုံးပြုရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့က အခြားနိုင်ငံတွေနဲ့ ကာကွယ်ဆေး သုတေသနနဲ့ ဖော်ထုတ်မှုတွေ အဆင့်မြှင့်တင်ရာမှာ အတူတကွ လုပ်ဆောင်ဖို့ အသင့်ရှိပါတယ်။ ပြီးတော့ ကမ္ဘာမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေး သင့်တင့်မျှတစွာနဲ့ ရရှိနိုင်ရေး ကူညီသွားမှာဖြစ်ပြီး ကမ္ဘာကြီးအနေနဲ့ ကပ်ရောဂါကို ဆောလျင်စွာ နှိမ်နင်းနိုင်မှာဖြစ်ပါတယ်” ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

----------------------------------------
(English Version)

China honors its commitments on COVID-19 vaccine

BEIJING, Dec. 15 (Xinhua) -- China is fulfilling its commitments with concrete actions to ensure the accessibility and affordability of COVID-19 vaccines in developing countries, a Foreign Ministry spokesperson said Tuesday.

Chinese vaccine companies are sparing no effort to advance their vaccine research and development, and several vaccines have entered phase-three clinical trials, spokesperson Wang Wenbin said at a daily news briefing in response to a relevant question.

The Chinese government has been actively supporting cooperation between Chinese companies and other countries in vaccine research and development, he said, adding that China is in close communication and cooperation with the World Health Organization and the Global Alliance for Vaccines and Immunization.
The Chinese government will continue to work together with the international community to help ensure all countries will have equal access to safe and effective vaccines. For underdeveloped or some developing countries, China will help with their vaccine accessibility and affordability through such means as aid, Wang said.
When answering a question on the transparency in authorizing emergency use of the COVID-19 vaccine, the spokesperson said China always attaches great importance to vaccine safety and efficacy.

"Chinese vaccine companies advance research and development in strict accordance with science and regulation requirements and engage in international cooperation in strict compliance with international standards and relevant laws and regulations," said Wang.

He said that some countries had already approved China's vaccine for use, which had proved the safety and efficacy of China's vaccine.
"We stand ready to work with other countries to advance vaccine research and development cooperation and contribute to vaccine accessibility and affordability in the world, in particular developing countries so the world can vanquish the pandemic at an early date," Wang added. Enditem

A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

စာပေအနုပညာ ကဏ္ဍအသီးသီးက ပညာရှင်များအနေဖြင့် ၎င်းတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာ နှင့် လွတ်လပ်စွာ ဖန်တီးပုံဖော် နိုင်အောင် နိုင်ငံတော်က တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဗီဒီယို မိန့်ခွန်းဖြင့် ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဒီဇင်ဘာ ၁၄ ရက် ၂၁ နာရီအထိ “ထျန်းဝန်-၁ (Tianwen-1)”၏အာကာသအတွင်းပျံသန်းမှုသည်၁၄၄ ရက်ကြာမြင့်ခဲ့ပြီး ခရီးအရှည်အားဖြင့် ကီလိုမီတာ သန်းပေါင်း ၃၆၀ ခန့် ထိ ပျံသန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းအာကာသယာဉ်သည် ကမ္ဘာဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ သန်း ၁၀၀ ကျော် ၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ ၁၂ သန်းခန့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပျံသန်းမှုအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)၏ ဒီဇင်ဘာ ၁၅ ရက် ပြောကြားချက်များအရ သိရသည်။

ပေကျင်း ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၂ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့် ရာသီဥတု ရည်မှန်းချက် ထိပ်သီးအစည်းအဝေး(Climate Ambition Summit) ၌ မိန့်ခွန်းပြောကြားစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုအပေါ် အဆိုပြုချက်သုံးခုကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။