ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဂျင်တီးနားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ ၃ ခုနှင့် ရထားလမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၄ ခု ကို အာဂျင်တီးနားနိုင်ငံ သမ္မတအိမ်တော်၌ ဒီဇင်ဘာ ၁၁ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၉၅ ဘီလီယံရှိကြောင်း သိရှိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang'e-5 အာကာသယာဉ်၏ orbiter-returner ပေါင်းစပ်ယာဉ်သည် ကမ္ဘာမြေသို့ပြန်လာမည့် လမ်းကြောင်းအတွက် လကမ္ဘာပတ်လမ်းကြောင်းမှထွက်ခွာရန် ပြင်ဆင်ခြင်းလုပ်ငန်းမှာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြီးစီးပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန အဆိုအရ သိရသည်။

ချိန်တူး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့တွင် ယခုရက်သတ္တပတ်အစောပိုင်းက COVID-19 ဖြစ်ပွားမှုအသစ်များ ပေါ်ထွက်လာခဲ့သည့် Pidu ခရိုင်၌ နေထိုင်သူဒေသခံများအားလုံးကို အခမဲ့ရောဂါစစ်ဆေးပေးမည့် nucleic acid စစ်ဆေးမှုကို ဒီဇင်ဘာ ၁၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပ ပြုလုပ်သော “၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ အခြေအနေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး” ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး “ရာစုနှစ်တစ်ခုအတွင်းပြောင်းလဲမှု နှင့် ကပ်ရောဂါအခြေအနေအောက် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၊ နိုင်ငံအပေါ်တာဝန်ယူပြီး ကမ္ဘာ့အတွက် တာဝန်ယူပေးခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် အဓိက မိန့်ခွန်းကို ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ၏ ပထမအကြိမ် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်) တွင် ကွမ်ကျိုးမြို့၌ စတင်ဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ ၁၄ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟု အမည်တပ်ထားသည့် အမေရိကန်၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နှင့် ခိုင်မာစွာရှုတ်ချကြောင်း ကန့်ကွက်စာတစ်စောင်ကို တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ကျန့်ကျဲကွမ်း (Zheng Zeguang)က တရုတ်နိုင်ငံရှိ အမေရိကန်သံရုံး ဒုတိယအကြီးအကဲ Robert Forden ထံ ဒီဇင်ဘာ ၈ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ Chang'e-5 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) သည် နံနက် ၆:၅၉ နာရီက မြေပြင်မှ ညွှန်ကြားချက်အရ လကမ္ဘာပတ်လမ်းကြောင်းမှ ခွဲထွက်ကာ ဒီဇင်ဘာ ၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၃၀ နာရီ၌ လပေါ်တွင် ဆင်းသက်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ Chang'e-5 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) သည် နံနက် ၆:၅၉ နာရီက မြေပြင်မှ ညွှန်ကြားချက်အရ လကမ္ဘာပတ်လမ်းကြောင်းမှ ခွဲထွက်ကာ ဒီဇင်ဘာ ၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၃၀ နာရီ၌ လပေါ်တွင် ဆင်းသက်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့သည် ဒီဇင်ဘာ ၈ ရက် က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပြီးနောက် ဧဝရတ်တောင်ထိပ်(ချိုမိုလန်းမားတောင်ထိပ်)၏ အမြင့်ကို အတူတကွ ပူးတွဲ ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။