တရုတ်နိုင်ငံ ကန်းစုပြည်နယ် ပိုးလမ်းမကြီးတွင် တည်ရှိသော ရှေးယဉ်ကျေးမှုအမွေအနှစ်လက်ရာတို့တည်ရှိရာ မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူ၏မြင်ကွင်းများအား နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ထျန်းဆွေ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
 
တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့ မိုင်ကျီးဒေသတွင် တည်ရှိသော မိုင်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသည် နိုင်ငံအတွင်းရှိ ကျောက်လိုဏ်ဂူအစုအဖွဲ့ကြီး ၄ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။

ရှီးချန်း၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
 
ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်စင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဒီဇင်ဘာ ၆ ရက် ပေကျင်းစံတော်ချိန် ၁၁ နာရီ ၅၈ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

 

တရုတ်နိုင်ငံမှ လွှတ်တင်သော လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 ၏ ပျံတက်ယာဉ်(ascender) သည် ဒီဇင်ဘာ ၅ ရက် ပေကျင်း ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၂ မိနစ်တွင် အလိုလျှောက် ပေါင်းစည်းထားသော ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေ အပြန်ယာဉ် (orbiter-returner)  နှင့်အတူ  ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကာကာသစီမံခန့်ခွဲမှု(CNSA) က ထုတ်ပြန် ကြေညာခဲ့သည်။

ချိန်တူး ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးမိုး

တရုတ်နိုင်ငံ အမှတ် (၂) M Circulator တည်ဆောက်ပြီးစီးမှု နှင့် ပထမဦးဆုံးအကြိမ် လျှပ်စီး ဓာတ်အား ပေးမှု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် ဝမ်ရိသည် အာဖရိကရှိ နိုင်ငံများတွင် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် နက်ရှိုင်းစွာ ထိခိုက်ခဲ့သဖြင့် အခက်အခဲများ ကျော်လွှားနိုင်ရေးကူညီရန်အတွက် အဆိုပြုချက် လေးချက်ကို ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ဟဲဖေး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ နာမည်ကျော် ကွမ်တမ် (quantum) ရူပဗေဒပညာရှင် Pan Jianwei ပါဝင်သော သုတေသနအဖွဲ့သည် ကွမ်တမ် ကွန်ပျူတာဆိုင်ရာ အကျိုးကျေးဇူးကို ရရှိနေပြီဖြစ်ကြောင်း အရေးပါသော ကွန်ပျူတာတွက်ချက်ခြင်းဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုကို ဒီဇင်ဘာ ၄ ရက်က ကြေညာခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနသည် လမျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသော Chang'e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်တွင် လွှင့်ထူထားသော တရုတ်နိုင်ငံအလံဓာတ်ပုံများကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဟန်ကျိုး ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်အစိုးရ ပြန်ကြားရေးဌာန ၏ ဒီဇင်ဘာ ၂ ရက် ၂၁:၀၀ နာရီ ထုတ်ပြန်ကြေညာချက်အရ ကျဲ့ကျန်းပြည်နယ် ယွီဟွမ်မြို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ချိန်ကွမ်းဗဟိုဈေး အတွင်းရှိ ဝက်သားရောင်းချသော ဈေးဆိုင်များ၏ အေးခဲစားသောက်ကုန်များကို နေ့စဉ်စစ်ဆေးခဲ့ရာတွင် ဘရာဇီး နိုင်ငံ မှ တင်သွင်းလာသော အေးခဲဝက်ပေါင်သားတွင် COVID-19 ရောဂါပိုးတည်ရှိနေကြောင်း ကို တွေ့ရှိခဲ့ရကြောင်း ၊ ဒေသတွင်းတာဝန်ရှိသူများအနေဖြင့် ကုန်ပစ္စည်းထားရှိရာ သိုလှောင်ရုံကို လျင်မြန်စွာ ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ဈေးအတွင်းရှိသူများကိုလည်း စစ်ဆေးမှုများပြုလုပ်၍ သီးသန့်ခွဲခြားနေထိုင်စေကာ အခင်းဖြစ်ပွားရာနေရာကို ပိုးသတ်ခြင်းလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ခဲ့ကြောင်း ၊ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညတွင်းချင်း ဈေးပတ်ဝန်းကျင်နှင့် ဈေးနှင့်သက်ဆိုင်သောလုပ်ငန်းဆောင်ရွက်သူများကို COVID-19 ရောဂါ စစ်ဆေးမှု နှင့် ပိုးသတ်မှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပြီး တစ်ချိန်တည်းတွင် ကူးစက်ရောဂါပညာဆိုင်ရာ စစ်ဆေးမှုများနှင့် ရောဂါခြေရာခံလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ချန်ရှား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ပိတ်မိနေသော မိုင်းတွင်းလုပ်သား ၁၃ ဦးကိုရှာဖွေရန် ကယ်ဆယ်ရေးသမားများစွာသည် ဒီဇင်ဘာ ၃ ရက်၌ ရေနစ်မြုပ်နေသော ကျောက်မီးသွေးတွင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
လဲ့ယန်မြို့ရှိ ရေဖုံးလွှမ်းနေသော Yuanjiangshan ကျောက်မီးသွေးတွင်း၌ မြေအောက်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကယ်ဆယ်သမားများအတွက် နေရာရရှိရန်အတွက် တွင်းထဲမှရေများကို ရေစုပ်စက်များဖြင့် လေးရက်ကြာ စုပ်ထုတ်ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးအဆင့်သစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးဌာနချုပ်က ပြောခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ ပထမဆုံး လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများကို သယ်ဆောင်လာသော အာကာသယာဉ်သည် ဒီဇင်ဘာ ၃ ရက်နှောင်းပိုင်းတွင် လမျက်နှာပြင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ကြေညာခဲ့သည်။