နန်နင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် နိုဝင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကာကွယ်ဆေးထုတ်လုပ်ခြင်း နှင့် ကာကွယ်ဆေးအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကုန်စည်တစ်ခုအဖြစ် မျှတစွာဖြန့်ဖြူးနိုင်အောင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကူအညီဖြစ်စေရေး တွန်းအားပေးရန်အတွက် ဂျာမနီနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်လျက်ရှိကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား နိုင်ငံရပ်ခြားမှ ဂုဏ်သိက္ခာကြီးမားသူများ၏ အမြင်တွင် “အင်မတန် ယုံကြည်မှုရှိပြီး လက်တွေ့ကျတဲ့ အမြော်အမြင်ကြီးမားသူတစ်ယောက်ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။

ဝန်ချန်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ Chang'e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်အား Long March-5 Y5 ဒုံးပျံဖြင့် အာကာသအတွင်းသို့ နိုဝင်ဘာ ၂၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တားဆီးရေး ၊ ကမ္ဘာ့စီးပွားရေး အားအင်ချိနဲ့နေသည်ကို ပြန်လည်တွန်းအားပေးရေး၊ ကုန်သွယ်ရေးအတားအဆီးများ နှင့် အခွန်လျှော့ပေါ့ရေး အပြင် ကပ်ရောဂါ တိုက်ဖျက်ရန် ဒီဂျစ်တယ်စီးပွားရေးမြှင့်တင်ရေး တို့အတွက် နိုဝင်ဘာ ၂၁ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကို ဦးဆောင်သွားသင့်ပြီး ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိစေရန် ကူညီဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

နန်နင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အထောက်အပံ့ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးမြှင့်တင်မှု ဆောင်ရွက်ချက်များစွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြပွဲ၏ အတွင်းရေးမှူးရုံးက နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။

ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

“ရပ်ဝန်း နှင့် ပိုးလမ်းမ” ဖော်ဆောင်မှု သည် လမ်းကြောင်းတစ်လျှောက်နိုင်ငံများရှိ ပြည်သူလူထုများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အတူတကွ စည်ပင်ဝပြောရေးအတွက် အရေးပါသည့် ဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ကြောင်း တာဂျစ်ကစ္စတန် နိုင်ငံ သိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ Saidov က နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) တစ်မျိုးသည် ကိုယ်ခံအား တုံ့ပြန်မှုကို လျင်မြန်စွာဖြစ်ပေါ်စေနိုင်ပြီး ဘေးကင်းစိတ်ချမှုရှိသည်ဟု သက်သေပြနေကြောင်း The Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြထားသော အစောပိုင်းနှင့် အလယ်အဆင့် လက်တွေ့စမ်းသပ်မှုများမှ တွေ့ရှိချက်များအရ သိရသည်။

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စီးပွားရေး ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ(APEC CEO Dialogues)သို့ နိုဝင်ဘာ ၁၉ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။