Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကုန်းရေနှစ်သွယ်သွား AG600လေယာဉ်ကြီး အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြု


ဝူဟန့် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သော ကုန်းရေနှစ်သွယ်သွား AG600 လေယာဉ်ကြီးသည် အောက်တို ဘာ ၂၀ ရက် နံနက်ပိုင်းက ဟူပေပြည်နယ် ကျင်းမန်ကျန်းဟောလေဆိပ်တွင် ရေပြင်မှ တစ်ဆင့် ပထမဆုံး အောင်မြင်စွာ စမ်းသပ်ပျံသန်းမောင်းနှင်နိုင်ခဲ့ခြင်းအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ သဝဏ်လွှာထဲတွင် အကြီးစား ကုန်းရေနှစ်သွယ်သွား AG 600 လေယာဉ်ကြီး အောင်မြင်စွာစမ်းသပ်မောင်းနှင်နိုင်ခြင်းသည် တရုတ်နိုင်ငံ၏လေကြောင်းစက်မှုလုပ်ငန်း တီထွင် ဖန်တီးမှု၏ အရေးပါလှသည့် အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း ၊ ပါဝင်ဆောင်ရွက်သည့်ဌာနများ ၊ပညာရှင်များက အခက်အခဲကိုမကြောက်မရွံကြိုးပမ်းစွမ်းဆောင်မှုများကြောင့် ယခုကဲ့သို့ အောင်မြင်မှုကို ရရှိခြင်းဖြစ်ကြောင်း ၊ အားလုံးကို ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံထုတ် ကုန်းရေနှစ်သွယ်သွား AG600 လေယာဉ်ကြီးအား စမ်းသပ်ပျံသန်းနေ သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်ထားသည့် AG600 လေယာဉ်သည် လက်ရှိ ကမ္ဘာပေါ်တွင် ကုန်းရေ နှစ်သွယ်သွားနိုင်သည့် အကြီးဆုံး လေယာဉ်ဖြစ်ပြီး သစ်တောမီးငြှိမ်းသတ်ခြင်း၊ ရေပြင်ကယ်ဆယ်ရေး များပြုလုပ်ခြင်း၊ အဏ္ဏဝါသဘာ၀ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာ ကာကွယ်ခြင်း စသည့် အထူးစွမ်းဆောင်ချက်များ လုပ်ဆောင်နိုင်ကြောင်းသိရသည်။ (Xinhua)