Connect with us

Science & Technology

တရုတ်နိုင်ငံ က ၂၁ခုမြောက် Beidou တည်နေရာပြ ဂြိုလ်တုအားလွှတ်တင်

စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ရှီချန် ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ ဂြိုလ်တု လွှတ်တင်ရေး ဒုံးပျံ Long March-3C ပေါ်တွင် Beidou တည်နေရာပြ ဂြိုလ်တုအားလွှတ်တင် နေစဉ် (ဆင်ဟွာ)

စီချွမ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မျိုးဆက်သစ် ဂြိုလ်တု တစ်ခုအား ကမ္ဘာ့လမ်းကြောင်း နှင့် တည်နေရာ ကွန်ရက်အား ထောက်ပံ့ပေးနိုင်ရန်အတွက် ပေကျင်းစံတော်ချိန် ၃း၂၉ နာရီတွင် ဂြိုလ်ပတ်လမ်းကြောင်း အတွင်း သို့ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုလ်တုအား စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ရှီချန် ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ ဂြိုလ်တု လွှတ်တင်ရေး ဒုံးပျံ Long March-3C ပေါ်တွင် တင်ဆောင် လွှတ်တင် ခဲ့ခြင်း ဖြစ်သည်။ ၎င်း ဂြိုလ်တုသည် ၂၁ခုမြောက် Beidou တည်နေရာပြ ဂြိုလ်တု စနစ်ဖြစ်လာပြီး အမေရိကန် ၏ GPS စနစ် နှင့် မတူသည့် မူကွဲ စနစ်တစ်ခု ကိုဖြည့်ဆည်းပေးနိုင်ရန် တရုတ်နိုင်ငံအား နောက်တစ်ဆင့် တက်စေနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.