Connect with us

WORLD

အမေရိကန်ပြည်သူများအားလုံး နှာခေါင်းစည်း တပ်ဆင်ကြရန် အမေရိကန် CDC တိုက်တွန်း 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား ဇူလိုင် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) 

အမေရိကန်ပြည်သူများအားလုံး COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ် တားဆီးရေးအတွက် နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး(CDC)ဌာနမှ ဇူလိုင် ၁၄ ရက်တွင် တိုက်တွန်းခဲ့သည်။ 

CDC ဌာန ညွှန်ကြားရေးမှူး Robert Redfield က “ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်နှေးကွေးစေဖို့ ကျွန်တော်တို့မှာ ရှိတဲ့ အကောင်းဆုံးလက်နက်တွေထဲက တစ်ခုကတော့ အဝတ်မျက်နှာဖုံးတွေပါပဲ။ အမေရိကန်ပြည်သူအားလုံးအနေနဲ့ မိမိကိုယ်တိုင်ဖြစ်စေ ၊ မိမိရဲ့ မိသားစုဝင်တွေ နဲ့ မိမိရဲ့ အသိုင်းအဝိုင်းကို ဖြစ်စေ ဝိုင်းဝန်း ကာကွယ်ကြဖို့ တာဝန်ရှိပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် CDC ၏ မေတ္တာရပ်ခံချက်သည် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများပြည်သူရှေ့၌ ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သောလများက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် အချို့သော အဆင့်မြင့်အစိုးရအရာရှိကြီးများသည် ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေး အကြံပေးရန် တွန့်ဆုတ်နေခြင်းအတွက် ဝေဖန်ခံခဲ့သည်။  Hill-HarrisX မှ ပြုလုပ်သော စစ်တမ်းအသစ်တစ်ခုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျော့နည်းသွားစေရန် နှာခေါင်းစည်းတပ်ဆင်ရေးအတွက် သမ္မတ ဒေါ်နယ်ထရန့်ကိုယ်တိုင် စံနမူနာပြု မလုပ်ဆောင်သည့်အတွက် နှာခေါင်းစည်းတပ်ဆင်သူ နည်းပါးရခြင်းဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူ ၄၄  ရာခိုင်နှုန်းက ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.