Connect with us

Social

တရုတ် နိုင်ငံ CFPA အဖွဲ့အစည်း က ရှမ်းပြည်နယ် အတွင်း ရှိ ကျောင်းသား/သူ များ အတွက် လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်လှူဒါန်းသွားမည်

ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်ပွဲ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

တောင်ကြီး ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation “CFPA” ) နှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်လှူဒါန်သည့် စီမံကိန်း ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် တောင်ကြီးမြို့ရှိ အ.ထ.က(၁) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး ၊ ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင် ၊ CFPA မြန်မာ နိုင်ငံ ရုံး တာဝန်ခံ ဒါရိုက်တာ မစ္စ လင်းယွမ် (Ms.Lin Yuan) တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ကျောင်းသူ တစ်ဦး အား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ် နေစဉ်(ဆင်ဟွာ)

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ဖွင့်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် ပညာသင်ကြားခြင်း ၊ သင်ယူခြင်း သည် ကလေးငယ် များ၏ အနာဂတ် ဘ၀ မြင့်မားရေး အတွက်ဖြစ်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူစွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် ပေးနေခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ လှူဒါန်း သည့် ပစ္စည်းများ ရရှိသည့် ကျောင်းသား/သူ များအနေဖြင့် ကျောင်းစာများကို အပတ်တကုတ် ကြိုးစားသင်ယူပြီး ပညာထူးချွန်သော ကျောင်းသား/သူ များ ဖြစ်စေလိုကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား တွင် စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

CFPA မြန်မာ နိုင်ငံ ရုံး တာဝန်ခံ ဒါရိုက်တာ မစ္စ လင်းယွမ် က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယခု ကျင်းပ ပြုလုပ်သော လှူဒါန်းပွဲ မှာ တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ မြန်မာ ကျောင်းသားကလေးငယ် များ အပေါ် ထားရှိသည့် ချစ်ခင်နှစ်သက်တန်ဖိုးထားမှု ကို ဖော်ပြသော ပြရုတ် တစ်ခု ဖြစ်ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် လည်း လှူဒါန်းသည့် ပစ္စည်းများကို အသုံးပြု၍ ပညာရည် တိုးတက်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၊ CFPA မြန်မာ နိုင်ငံ ရုံး အနေဖြင့် မြန်မာ နိုင်ငံ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ဖွင့်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနား တွင် တောင်ကြီး ခရိုင် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် မှ ကျောင်းပေါင်း ၃၀ ရှိ ကျောင်းသား ၃၅၅ ဦး နှင့် ကျောင်းသူ ၃၂၂ ဦး တို့ အား လှူဒါန်းသည့် ပစ္စည်းများ ပေးအပ် ခဲ့ပြီး ဆက်လက်၍ ၂၀၁၈ ခုနှစ် အတွင်း ရှမ်းပြည်နယ် အတွင်း ရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိပ် အလုံးရေ ၁ သောင်း နှင့် စာရေးကိရိယာ ပစ္စည်းများအား ပေးအပ်လှူဒါန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

CFPA မြန်မာ နိုင်ငံ ရုံး တာဝန်ခံ ဒါရိုက်တာ မစ္စ လင်းယွမ် က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား နေစဉ်(ဆင်ဟွာ)

ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား ပေးအပ်မည့် လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရှမ်းပြည်နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား လွယ်အိတ် နှင့် စာရေးကိရိယာ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ တွင် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး ဆွေမျိုးပေါက်ဖော် ညီအကို နိုင်ငံ များ ဖြစ်ကြကြောင်း ၊ မြန်မာ နိုင်ငံ ရှိ ကျောင်းသား/သူ များ ကျောင်းပညာရေး ပြီးမြောက်အောင် သင်ကြားနိုင်ရန် အတွက် အခက်အခဲ အမျိုးမျိုး တည်ရှိနေချိန်တွင် တရုတ် နိုင်ငံ မှ လိုအပ်နေသည့် ကျောင်းသား များအား ကျောင်းသုံးစာရေးကိရိယာ နှင့် လွယ်အိတ်များကို လာရောက် ကူညီထောက်ပံ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍတွင် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးခြင်း သည် လွန်စွာ မွန်မြတ်ပြီး ကြိုဆိုအပ်သည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ အနာဂတ် တွင် တရုတ် နိုင်ငံ အနေဖြင့် အဆင့်မြင့် ပညာရပ် များတွင် ကူညီထောက်ပံ့မှု များကိုလည်း ဆက်လက် ဆောင်ရွက်ပေးစေလိုပြီး တရုတ် နိုင်ငံ တွင် သင်ကြားပို့ချမှုများ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ နိုင်ငံ အနာဂတ် အတွက် အားထားရမည့် လူ့စွမ်းအား အရင်းအမြစ် များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

CFPA သည် ၂၀၁၅ ခုနှစ် ၌ မြန်မာ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန တွင် တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်ထားသည့် တရုတ် နိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး CFPA အနေဖြင့် မြန်မာ နိုင်ငံ တွင် ပညာသင်စရိတ်များ ထောက်ပံ့ခြင်း ၊ တက္ကသိုလ်များတွင် ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ လှူဒါန်းခြင်း ၊ တက္ကသိုလ် ကျောင်းသား များအား ကွန်ပျူတာ သင်တန်းများ ပေးခြင်း အစရှိသော ကျောင်းသား/သူ များ၏ ပညာရေး တိုးတက်စေရန် အတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှု များစွာ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)