Connect with us

Social

တရုတ်နိုင်ငံပိုင် CITIC အဖွဲ့မှ မြန်မာရေဘေးသင့်ဒေသသို့ သွားရောက် တွေ့ဆုံအားပေးခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား လှူဒါန်းခြင်း


ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

သြဂုတ်လ ၉ ရက်နေ့တွင် CITIC အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Chang Zhenming ၏ တာဝန် အပ်နှင်းချက်အရ CITIC အဖွဲ့မှ ဒုတိယဦးဆောင် ညွှန်ကြား ရေးမှူးဖြစ်သူYuan Shaobin သည် CITIC အဖွဲ့ လှူဒါန်းရေး လုပ်ငန်း အဖွဲ့ကို ဦးဆောင်လျက် မြန်မာနိုင်ငံရှိ ရေဘေးသင့် အခြေအနေ အလွန်ဆိုးဝါးသော ရခိုင်ပြည်နယ်သက်ဆိုင်ရာဒေသသို့ ရောက်ရှိလျက် ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးပြီး အမေရိကန် ဒေါ်လာ ၃ သိန်းတန်ဘိုး ရှိသော ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

လွန်ခဲ့သော ရက်များတွင် မြန်မာနိုင်ငံဒေသများစွာတွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နှစ်ပေါင်း ၄၀ နီးပါးအတွင်း မကြုံဘူးသော ရေဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရပါသည်။ CITIC အဖွဲ့သည် ယခုလို ရေဘေးနှင့် သက်ဆိုင်သော သတင်းရရှိသည် နှင့် တစ်ပြိုင်တည်းတွင် အမေရိကန် ဒေါ်လာ ၃ သိန်းတန်ဘိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းရန် ချက်ခြင်းဆုံးဖြတ်ခဲ့ရာ၊ အမြန်ဆုံးအချိန်အတွင်း လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်လျက်၊ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီမံ ဆောင်ရွက်မှုနှင့် ဦးဆောင်မှုတို့ဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းအရပ်ရပ်သို့ ပါဝင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပါသည်။ သြဂုတ်လ ၇ ရက်နေ့တွင် CITIC အဖွဲ့သည် CITIC အဖွဲ့ပိုင် ဟိုင်ကြည် ရဟတ်ယာဉ် တစ်စင်းကို အရေးတကြီး စေလွှတ်၍ ဧရာဝတီ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Yuan Shaobin တို့အဖွဲ့ သယ်ဆောင် သော ရဟတ်ယာဉ်သည် ၉ ရက်နေ့မနက်ပိုင်းတွင် ရန်ကုန်မှ ရခိုင်ပြည်နယ်အစိုးရ ရုံးစိုက်သော စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ဒေသခံအရာရှိများနှင့် နယ်ပယ်အသီးသီးမှ ပြည်သူ လူထု၏ ကိုယ်စားလှယ်များကို ဦးဆောင်လျက် လေဆိပ်တွင် ကြိုဆို ခဲ့ကြပါသည်။ နှစ်ဦးနှစ်ဘက်တို့သည် စစ်တွေလေဆိပ်တွင် ကျင်းပသော CITIC အဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခြင်းနှင့် ရဟတ်ယာဉ်ဖြင့် ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးဆိုင်ရာ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

CITIC အဖွဲ့မှ ဒုတိယဦးဆောင် ညွှန်ကြား ရေးမှူးဖြစ်သူYuan Shaobin မှ အမေရိကန် ဒေါ်လာ ၃ သိန်းတန်ဘိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ထံ ပေးအပ်ခဲ့စဉ်(ဆင်ဟွာ)

ကယ်ဆယ်ရေး လုပ်ငန်း တွင် ပါဝင်ဆောင်ရွက်ရန် စေလွှတ် ခဲ့သည့် CITIC အဖွဲ့ပိုင် ဟိုင်ကြည် ရဟပ်ယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)
CITIC အဖွဲ့မှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin တို့အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နှင့် လှူဒါန်းရေးဆိုင်ရာ အစည်းအဝေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းအစည်းအေ၀ ကျင်းပ နေစဉ်(ဆင်ဟွာ)

လှူဒါန်းရေး အခမ်းအနား အပြီးတွင် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin တို့အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် လိုက်ပါ လျက် ရေဘေးသင့်အခြေအနေဆိုးဝါးသော မင်းပြားမြို့နယ်သို့ ကွင်းဆင်းပြီး ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးလျက် လှူဒါန်းရေးဆိုင်ရာ အစည်းအဝေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin သည် CITIC အဖွဲ့ကို ကိုယ်စားပြုလျက် အမှာစကားပြောကြားခဲ့ရာ၊ ရေဘေးသင့်ဒေသ ရှိပြည်သူများကို နှုတ်ခွန်းဆက်နှစ်သိမ့်အားပေးပါကြောင်း၊ ရေဘေးသင့်ဒေသရှိ ပြည်သူလူထု က ယုံကြည်စိတ်အပြည့်အဝဖြင့် အခက်အခဲများကို ကျော်လွှားရန် အားပေး ထောက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin ပြောကြားသည်မှာ တစ်ဘက် တွင် အခက်အခဲ ရင်ဆိုင်သောအခါ ဘက်အသီးသီးမှ အကူအညီပေးရမည်ဖြစ်ပါကြောင်း၊ CITIC အဖွဲ့သည် မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနယ်ပယ်အသီးသီးရှိ ပြည်သူလူထုများနှင့် နက်ရှိုင်းသော ချစ်ကြည်ရေးဆက်ဆံမှုကို ထူထောင်ခဲ့ပါကြောင်း။ မြန်မာပြည်သူ များက ရေဘေးဒုက္ခ ရင်ဆိုင်လာခြင်းကို ကြားသိလျက်၊ CITIC အဖွဲ့မှ ခေါင်း ဆောင်ပိုင်းရော ဝန်ထမ်းပိုင်းပါ တူညီသော ခံစားချက်ကို ခံစားရပြီး အလွန် စိတ်မကောင်းဖြစ်ကာ စိတ်ပူခဲ့ပါကြောင်း၊ CITIC အဖွဲ့သည် ရေဘေးသင့်ဒေသရှိ ပြည်သူများ အရေးတကြီးလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို အသေးစိတ် ပြင်ဆင်လျက် အမြန်ဆုံးအရှိန်ဖြင့် ရေဘေးသင့်ပြည်သူလူထုလက်ထဲသို့ ရောက် ရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်းဖြင့် ပြောကြား ခဲ့ပါသည်။

ပြည်နယ်အစိုးရဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ဒေသခံပြည်သူလူထုကို ကိုယ်စားပြုလျက် CITIC အဖွဲ့က ရေဘေးသင့် ဒေသရှိပြည်သူလူထုအတွက် အချစ် မေတ္တာဖြင့် အကူအညီပေးခြင်းကို အထူး ကျေးဇူး တင်ရှိပါကြောင်း၊ အခက်အခဲကြုံ သောအခါမှ စစ်မှန်မှုရှိသောအချစ်မေတ္တာကို ဖေါ်ပြနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ အစိုးရနှင့် ပြည်သူများ အကူအညီ အလိုအပ်ဆုံးအခါတွင် CITIC အဖွဲ့သည် အမြန် ဆုံးအရှိန်ဖြင့် အချိန်မီအကူအညီပေးနိုင်ခဲ့သည့်အတွက် CITIC အဖွဲ့နှင့် တရုတ် ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရေးဆက်ဆံမှုကို ဖေါ်ပြလျက်ရှိပါကြောင်း၊ CITIC အဖွဲ့မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ ၃ သိန်းတန်ဘိုးရှိ ကယ်ဆယ် ရေးပစ္စည်းများနှင့် ရဟတ်ယာဉ်ဖြင့် အကူအညီပေးခြင်းတို့သည် ဒုက္ခသည်များ ကယ် ဆယ်ရေးအင်အားပိုမိုအားကောင်းလာစေရုံတင်မကဘဲ မြန်မာအစိုးရနှင့် ပြည်သူ များက ရေဘေးအခက်အခဲကို ကျော်လွှားနိုင်ရန် ပိုမိုအားကောင်းစွာယုံကြည်မှုရှိလာ စေနိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွင် လေ့လာကြည့်ရှုသောအခြေအနေအရ၊ လက်ရှိပြည်နယ်အတွင်း ရေဘေးသင့်အခြေအနေကို အကြမ်းဖျင်း ထိန်းချုပ်နိုင် လျက်ရှိသည်ကို တွေ့ရှိခဲ့ပါသည်။ ရေဘေးသည် တစ်ဖြည်းဖြည်း ကျဆင်းလျက်ရှိ လာနေပြီဖြစ်သော်လည်း လယ်မြေနှင့် အိုးအိမ် အများစုသည် ရေလွှမ်းမိုးလျက်ရှိ နေသည့်အတွက် ပြန်လည်လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းတာဝန်များသည် အခက်အခဲများစွာ ရင်ဆိုင်လျက်ရှိနေပါသည်။ ယခုလို အခြေအနေကို ရင်ဆိုင်လျက်ရှိသည့်အတွက် မင်းပြားမြို့နယ်တွင် တွေ့ဆုံအားပေး သောအစီအစဉ်ပြီးဆုံးသည်နှင့် တစ်ပြိုင်တည်းတွင် ဒုတိယ ဦးဆောင်ညွှန်ကြားရေး မှူး Yuan Shaobin နှင့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် အထူးအစည်းအဝေးကို ကျင်းပလျက် နောက်ဆက်မည့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများဆိုင်ရာ ပိုမိုနက်ရှိုင်းစွာနှင့် ကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများအတွက် နှစ်ဦးနှစ်ဘက်တို့က ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

အထူးအစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းပြောကြားသည်မှာ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းများကို ပါဝင်လုပ်ကိုင်နိုင်ရန် CITIC အဖွဲ့ ကို ကြိုဆိုပါကြောင်း ဖိတ်ခေါ်ခဲ့ရာ၊ လက်ရှိ ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် အခြေခံအဆောက်အအုံ စီမံကိန်းအခြေအနေများကို ရှင်းလင်း ပြောကြားလျက်၊ ရခိုင် ပြည်နယ်ရှိ ပိုမိုများပြားသော တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း များတွင် CITIC အဖွဲ့ပါဝင်လုပ်ကိုင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါ သည်။ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin က ပြည်နယ်ဝန်ကြီးချုပ်ဦး မောင်မောင်အုန်း၏ ယုံကြည်မှုနှင့် ထောက်ခံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းများကို ပါဝင် လုပ်ကိုင်သည်နှင့် တစ်ပြိုင် တည်းတွင် ပြည်နယ်ဝန်ကြီးချုပ်၏ အကြံပြုချက်ကို အပြည့်အဝ ထည့်သွင်းစဉ်းစား မည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ပုံစံမျိုးစုံကို အသုံးပြုလျက် ဒေသခံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကျိုးပြု ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.