Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ CPC အမျိုးသားညီလာခံအတွက် ကိုယ်စားလှယ်လောင်းစည်းမျဉ်းများ ထုတ်ပြန်

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်(CPC) ညီလာခံကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်(CPC) သည် ပါတီ၏ (၁၉)ကြိမ်မြောက် အမျိုးသားညီလာခံအတွက် ကိုယ်စားလှယ်လောင်းရွေးကောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို နိုဝင်ဘာလ ၉ ရက်တွင် စတင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ် ၄ဝ ခုအတွက် ကိုယ်စားလှယ်ပေါင်း ၂,၃ဝဝဦး ကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲကို ၂ဝ၁၇ ခုနှစ် ဇွန်လတွင် အပြီးသတ်ကျင်းပမည်ဖြစ်ကြောင်း စီပီစီဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွေးကောက်ခံရမည့် ကိုယ်စားလှယ်လောင်းဦးရေထက် ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းဦးရေသည် ၁၅ ရာခိုင်နှုန်းကျော်ခန့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၁၈) ကြိမ်မြောက် ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) သည် ၂ဝ၁၇ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပေကျင်းမြို့၌ (၁၉) ကြိမ်မြောက် အမျိုးသားညီလာခံကို ကျင်းပသွားရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက ၆ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသားညီလာခံကို ၅ နှစ်လျှင် တစ်ကြိမ်ကျ ပုံမှန်ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.