Connect with us

Politics, Law & Military

ဟောင်ကောင်ရှိ အဓိကတက္ကသိုလ်များက HKSAR အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံကြောင်းပြောကြား

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဟောင်ကောင်ပေါ်လီတက္ကနစ်တက္ကသိုလ်( PolyU) အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကတက္ကသိုလ်ကြီးများက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံအားပေးကြောင်း ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရအထောက်အပံ့ခံတက္ကသိုလ် ၈ ခု ၏ ကောင်စီ ဥက္ကဋ္ဌများမှ ဇွန် ၁ ရက်က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။“ ဟောင်ကောင်ဒေသခံတွေအနေနဲ့ ကျွန်တော်တို့ဟာ အစိုးရရဲ့ အကာအကွယ်ပေးရေး စီမံဆောင်ရွက်မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ၊ ဥပဒေပြဌာန်းမှုကို ထောက်ခံအားပေးခြင်းဖြင့် အစိုးရက အကာအကွယ်ပေးဖို့ အပြန်အလှန်တာဝန်ရှိမှုတစ်ခု ဖြစ်လာသလို ပြည်နယ်မှာခြိမ်းခြောက်ခံနေရတဲ့ ရာဇဝတ်မှုတွေကိုလည်းကာကွယ်တားဆီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဒါကြောင့် ကျွန်တော်တို့ဟာ တစ်နိုင်ငံ ၊စနစ်နှစ်မျိုး စည်းမျဉ်းအောက်မှာ ပြုမူကျင့်သုံးပြီး တက္ကသိုလ်တွေရဲ့ သုတေသနပြုမှု နဲ့ သင်ကြားမှု ဆိုင်ရာ အသိပညာတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဖန်တီးဆောင်ရွက်ပေးနိုင်မယ့် အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံအားပေးခြင်းဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဟောင်ကောင်မြို့တော်တက္ကသိုလ် ၊ ဟောင်ကောင် Baptist တက္ကသိုလ် ၊ Lingnan တက္ကသိုလ် ၊ Chinese University of HK တက္ကသိုလ် ၊ ဟောင်ကောင်ပညာရေးတက္ကသိုလ် ၊ ဟောင်ကောင်ပေါ်လီတက္ကနစ် ၊ ဟောင်ကောင် သိပ္ပံ နှင့် နည်းပညာတက္ကသိုလ် နှင့် ဟောင်ကောင်တက္ကသိုလ် တို့ပါဝင်သော တက္ကသိုလ် ၈ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

The Open University of Hong Kong မှ ဇွန်၁ ရက်က သီးခြားထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ကောင်းမွန်သော အမျိုးသားလုံခြုံရေးဥပဒေတစ်ခုသည် ဟောင်ကောင်၏ လုံခြုံရေးအတွက် ပိုမိုထိရောက်သော ကာကွယ်စောင့်ရှောက်မှုကို ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် ဒေသခံများ၏ အကျိုးစီးပွားများအားလုံးကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ၊ ဟောင်ကောင်အား ဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးစီးပွားဖြစ်ထွန်းမှုကို ဆက်လက် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ကျွန်တော်တို့ဟာ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး စည်းမျဉ်းစည်းကမ်းကို အပြည့်အဝယုံကြည်တဲ့အပြင် သူနဲ့ဆက်စပ်ပြီး လွတ်လပ်ခွင့်တွေ နဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့နဲ့ကာကွယ်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)