Connect with us

Local

နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် ထျန်ကျင်း နှင့် မြန်မာ MoU ထိုး

ရန်ကုန်(မြန်မာ)-ထျန်ကျင်း (တရုတ်) နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ် ရေးထိုးပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ထျန်ကျင်း (Tianjin ) – ရန်ကုန် စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ထျန်ကျင်းဘက်မှ ထန်ကျင်းမြို့ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ စီမံအုပ်ချုပ်ရေးကော်မရှင် (TJ –SASAC) မှ ဒုတိယ ညွှန်ကြားရေးမှုး Mr.Liu Jianzhong နှင့် UMFCCI ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဥက္ကဌ ဖြစ်သူ ဦးဇော်နိုင်သိန်းတို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသည်။

၎င်းနားလည်မှု စာချွန်လွှာ ရေးထိုးပွဲတွင် တက်ရောက်လာသည့် တရုတ်-မြန်မာ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမှ သက်သေအဖြစ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ဦးဇော်နိုင်သိန်းမှ “နှစ်နိုင်ငံ စီးပွားရေးတွေ ပိုမိုအောင်မြင်အောင်လုပ်ဆောင်ဖို့၊ ပရောဂျက်တွေကို မြှင့်တင် ဆောင်ရွက်ဖို့ အတွက် နှစ်ဖက် ပရိုမိုးရှင်းတွေ ကို မြှင့်တင် ဆောင်ရွက် သွားမယ်။ အခု ၂၀၁၅ အတွက် ဘယ်လုပ်ငန်းတွေကို ပိုပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာနဲ့ တာဝန်ယူမှု Responsibility ကို အဓိကက ထားတယ်။ Win-Win situation ဖြစ်ဖို့ နှစ်ဖက်လုံး အဓိကထားတယ် ဆိုတာကို MoU မှာ ထည့်သွင်းထားတယ်” ဟု မီဒီယာများအားဖြေကြားသည်။

ထျန်ကျင်းမြို့သည် တရုတ်နိုင်ငံတွင် ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့ကြီး (၅) မြို့ထဲမှ မြို့ တစ်မြို့ ဖြစ်ပါတယ်။ ယခု MoU ထိုးခြင်းသည် Tianjin (ထျန်ကျင်း) မြို့ SASAC (အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ စီမံအုပ်ချုပ်ရေး ကော်မရှင်နှင့် ထိုးခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဇော်နိုင်သိန်းမှ “သူတို့ ရဲ့ GDP တိုးတက်မှုက နှစ်အလိုက် အနည်းဆုံး ၁၆.၅ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့တယ်။ ၁၆.၅ ဆိုတော့ ကမ္ဘာမှာ ယှဉ်ရင်တောင် အမြင့်ဆုံး Rate(နှုန်း) ထဲမှာ ပါတယ်။ သူတို့က တရုတ်နိုင်ငံမှာ FDI အများဆုံး မြို့လည်း ဖြစ်တယ်။ အခုကလည်း မြန်မာနိုင်ငံမှာ FDI ဖွင့်နေတဲ့ ၊ ဖိတ်ခေါ်နေတဲ့ အချိန် ဆိုတော့ မြန်မာအတွက် လေ့လာလို့ ရမယ်၊ သင်ယူလို့ ရမယ့် အခွင့် အရေးတွေ ရှိတယ်ပေါ့” ဟုပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှု များရှိခဲ့ကြောင်း ပေါက်ဖော် ဆက်ဆံရေးလည်း ရှိခဲ့ကြောင်း၊ ယခု MoU ထိုးပြီးနောက် နှစ်ဦးနှစ်ဖက် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရရှိရန်မျှော်လင့်ကြောင်း TCC မှ ဒုတိယညွှန်ကြားရေးမှူး Mr. Li Shengli မှ ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.