Connect with us

Asia

စင်ကာပူနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ PAP ပါတီ မဲပြတ်အနိုင်ရ

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် ၊ PAP ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် လီရှင်လုံ နှင့် အဖွဲ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေစဉ် ( ဆင်ဟွာ)

စင်ကာပူ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ပြည်သူ့ လှုပ်ရှားမှုပါတီ (People’s Action Party= PAP) သည် လွှတ်တော် အမတ်နေရာ ၈၉ နေရာအနက် ၈၃ နေရာဖြင့် အပြတ်အသတ် အနိုင်ရ့ပြီး အတိုက် အခံပါတီ ဖြစ်သော အလုပ်သမားပါတီ(Worker’s Party) က ကျန်သော အမတ်နေရာ ၆ နေရာသာ ရရှိ ခဲ့ကြောင်း ရွေးကောက်ပွဲဋ္ဌာန၏ စက်တင်ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

PAP သည် ရွေးကောက်ပွဲတွင် မဲ ၆၉.၈၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းသည် ၂၀၀၁ ခုနှစ်တွင် ၇၅. ၃ ရာခိုင်နှုန်း အနိုင်ရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါသည်။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်လည်းဖြစ်၊ PAP ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် လည်းဖြစ်သူ လီရှင်လုံ က “PAP အတွက် ရလဒ်ကောင်းပါပဲ” ဟု သတင်းထောက်များအား ပြောပါသည်။

PAP အောင်မြင်ခဲ့သော နေရာများသည် ပါလီမန် လွှတ်တော်နေရာ ၈၉ နေရာအတွက် ခွဲခြား သတ်မှတ်ထားသည့် ကိုယ်စားပြု မဲဆန္ဒနယ် (Group Representation Constituencies= GRCs) ၁၆ နယ် အနက် ၁၅ နယ်နှင့် တစ်သီးပုဂ္ဂလ မဲဆန္ဒနယ် (Single Member Constituencies = SMCs) ၁၃ နေရာ အနက် ၁၂ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်ပြီး အတိုက်အခံ အလုပ်သမားပါတီ၏ နေရာဖြစ်သော Punggol အရှေ့ပိုင်းက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်နေရာမှာပါ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စင်ကာပူ နိုင်ငံသားများသည် ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များအား ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲဋ္ဌာန၏ စံနမူနာရေတွက်ပုံ လူထု ထုတ်ပြန်ချက်အားဖြင့် စောလျှင်စွာ ခန့်မှန်းနိုင်ခဲ့သည်။ နောက်ဆုံး မဲရလဒ်ရေတွက် ပြီးချိန်မှာတော့ ကနဦး ခန့်မှန်းထားကြသလို PAP ပါတီက အနိုင်ရရှိခဲ့ပါသည်။

ဝန်ကြီးချုပ် လီရှင်လုံ နှင့် သူ၏အဖွဲ့သည် Ang Mo Kio မဲဆန္ဒနယ်တွင် မဲ ၇၈.၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ “PAP အနေဖြင့် သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပါလီမန် အမတ်နေရာ အားလုံးဖြစ်သည့် ၈၉ နေရာလုံးမှာ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအာဏာရ PAP ပါတီသည် ၂၀၁၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၇ တွင် ၈၁ နေရာရရှိခဲ့သလို မဲအရေအတွက် ၆၀.၁၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၀၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၆၆.၆ ရာခိုင်နှုန်း ရရှိခဲ့သည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.