Connect with us

Eastern Europe

ရုရှားက တူရကီကို S-400 ဒုံးပျံကာကွယ်ရေးစနစ် များပေးပို့မည်ဟု ကြေညာ

ရုရှားနိုင်ငံမှ S-400 ဒုံးပျံကာကွယ်ရေးစနစ် အားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တူရကီနိုင်ငံသို့ S-400 ဒုံးပျံကာကွယ်ရေးစနစ် များလွှဲပြောင်းပေးရန် ရုရှား နှင့် တူရကီ နိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တူရကီနိုင်ငံအန်ကာရာမြို့၌ တူရကီသမ္မတ အာဒိုဂန် နှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတပူတင်က နှစ်နိုင်ငံဆက်ဆံရေးသည် တဆင့်ခြင်းတဆင့်ခြင်း တိုးတက်လာကြောင်းပြောကြားခဲ့သည်။

S-400 ဒုံးပျံကာကွယ်ရေးစနစ်များ ဝယ်ယူရေးအတွက် ရုရှား-တူရကီ နှစ်နိုင်ငံအကြား ငွေချေးသဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးပြီး ၃ လအကြာ လာမည့် စက်တင်ဘာလတွင် S-400 ဒုံးပျံကာကွယ်ရေးစနစ်များကို ပေးပို့သွားရန် ရုရှားနိုင်ငံက သဘောတူညီမှုရခဲ့ကြောင်း တူရကီကဆိုသည်။

“ တူရကီနဲ့ဆက်ဆံရေး အပြုသဘောဆောင်ပါတယ်” ဟု သမ္မတပူတင်က ပြောကြားခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးကြီးမားခဲ့ခြင်းကို အသိပေးပြောကြားခဲ့သည်။

ပြီးခဲ့သော မတ်လက ပြုလုပ်သော ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက် ပူတင်၏ ပထမဆုံးပြည်ပနိုင်ငံအလည်အပတ်ခရီးစဉ်အဖြစ် တူရကီနိုင်ငံအား လာရောက်လည်ပတ်ခြင်းကို တူရကီသမ္မတ အာဒိုဂန်က ကြိုဆိုခဲ့သည်။

“ ဒါဟာ တူရကီ- ရုရှား နှစ်နိုင်ငံဆက်ဆံရေးအတွက် အကောင်းဆုံး ဖော်ပြချက်ပါပဲ” ဟု အာဒိုဂန်က ဆိုသည်။

ဆီးရီးယားအရေး နှင့် အကြမ်းဖက်တိုက်ဖျက်မှုများ ဆက်လက်လုပ်ဆောင်ရေးသည် တူရကီ နှင့် ရုရှားအကြား ဘုံရပ်တည်ချက်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ရုရှားခရီးသည်များ တူရကီနိုင်ငံသို့လာရောက်လည်ပတ်မှုဟာ ၄.၇ သန်းထိရှိခဲ့ပြီး လာမည့် နှစ်မှာ ၆ သန်းအထိ မျှော်လင့်ထားပါတယ်” ဟု အာဒိုဂန်က ဆိုသည်။

တူရကီသမ္မတက တောင်ပိုင်းMersin ပြည်နယ်ရှိ Akkuyu ၌ ရုရှားနိုင်ငံ၏ Rosatom မှ လာရောက် တည်ဆောက်နေသော အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံတန်ဖိုးရှိသော တူရကီ၏ ပထမဆုံး နျူကလီယားစွမ်းအင်အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံမှ တူရကီနိုင်ငံသို့ ရေအောက်ပိုက်လိုင်း ၂ ခု သွယ်တန်းခြင်း အပြင် မြေအောက် တိုက်ရိုက် ဂတ်စ်ပိုက်လိုင်းသွယ်တန်းခြင်းအကြောင်းကိုလည်း ပူတင်က ဆိုသည်။

နှစ်နိုင်ငံသမ္မတများ နှင့် ဝန်ကြီးများတက်ရောက်သော တူရကီ နှင့် ရုရှား နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ပူးပေါင်းဆောင်ရွက်မှုကောင်စီ ဆွေးနွေးပွဲကို နှစ်ဖက်ကိုယ်စားလှယ်များက ဧပြီလ ၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.