Connect with us

Politics, Law & Military

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို ရရှိအောင် ဆောင်ရွက်မည် ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ ခေါင်းဆောင်သူရဦးရွှေမန်းပြောကြား

သူရဦးရွှေမန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကိုဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို ရရှိအောင် ဆောင်ရွက်မည် ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင်သူရဦးရွှေမန်းပြောကြားခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၄ ခရိုင်မှ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲကျင်းပစဉ် (ဆင်ဟွာ)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲကျင်းပစဉ် (ဆင်ဟွာ)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲကျင်းပစဉ် (ဆင်ဟွာ)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ လူထုတွေ့ဆုံပွဲကျင်းပစဉ် (ဆင်ဟွာ)

တွေ့ဆုံရာတွင် “ပါတီ၏နိုင်ငံရေးဝါဒသဘောတရားအနေဖြင့် မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိရေး၊ လွတ်လပ်၍ တရားမျှတသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကိုဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို ရရှိစေရေး၊ပြည်ထောင်စုတစ်ဝန်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာမြင့်မားရေး၊ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပြီး ကမ္ဘာ့နိုင်ငံများအားလုံးနှင့်ချစ်ကြည်ရင်းနှီးစွာ လက်တွဲပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

UBP ပါတီသည် မူဝါဒ ၂၂ ချက်နှင့် လုပ်ငန်းစဉ် ၈၁ ချက် ချမှတ်ထားပြီး ယင်းတို့ကို အခြေခံ၍ ကာလ၊ ဒေသ၊ အချိန်အခါ၊ အခြေအနေအပေါ်မူတည်၍ စီမံအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း ဆိုသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို လည်းကောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.